အပိုင်း (၁၇)

1.4K 187 2
                                    

(17)

နောက်တစ်နေ့ ကျတော့ ကျိုးချီ က အချစ်တွေ အပြည့်ပါတဲ့ နေ့လည်စာ သုံးဘူး လုပ်ကာ တစ်ယောက်တစ်နေရာ ဆီကို လိုက်ပို့ရလေတယ်။

အမှန်တော့ အိုမီဂါအန်း က အားလပ်ရက်တစ်ပတ် ယူထားတယ်ဆိုပေမယ့် မင်္ဂလာဆောင်ပြီးရင် ဟန်နီးမွန်း သွားအုံးမှာ ဖြစ်လို့ တုံဟူ က သူ့ရဲ့ ဘော့စ်ကို လုံးဝ မင်္ဂလာမဆောင်ခင် နားရက်မပေးခဲ့ပေ။

ဒါကြောင့် အိုမီဂါအန်း ခမျာ နာကျင်စွာနဲ့ စတူရီယို​ကို သွားရလေတယ်။ ကျိူးချီ ကတော့ အလုပ်ပြန်သွား ရပေမယ့် အိုမီဂါအန်းကို စိတ်မဆိုးပါပေ။

နေ့လည်ခင်း မတိုင်ခင် ဟင်းတွေ ချက်ပြီးသွားတဲ့ အတွက်ကြောင့် ကျိုးချီ က အဆာပြေမုန့် တွေကို လုပ်ဖို့ ပြင်ဆင်လေတယ်။ သူ့ရဲ့ ရှေ့မှာတော့ ဒေတာတွေ ပြန်ကောင်း သွားတဲ့ တတိယ ချက်ပြုတ်ရေး စက်ရုပ် ရှိနေလေတယ်။

ထိုစက်ရုပ်ရဲ့ ဘေးမှာ ပထမ စက်ရုပ်နဲ့ ဒုတိယ စက်ရုပ်တို့က တစ်ဖက်တစ်ချက် စီ ကနေ ကိုင်ထားပြီးတော့ အိမ်တော်ထိန်း စက်ရုပ်ကနေ ကျိုးချီကို ပြောလာတယ်။

'' သခင်မှာကြား ထားတဲ့ အတိုင်း သူ့ကို ခေါ်လာခဲ့ ပါပြီ ''

အိမ်တော်ထိန်း စက်ရုပ်က ရုန်းကန်နေတဲ့ တတိယ စက်ရုပ်ကို ကြည့်ကာ ပြောလိုက်တယ်။

'' မင်းက သခင်ကို အချိုပွဲတွေ လုပ်ဖို့ သင်ပေး ရမယ် ''

ထိုအခါ ထိုစက်ရုပ်က ပိုရုန်းကန်လာပြီး အော်ဟစ်လာလေတယ်။

'' မသင်ပေးနိုင်တော့ဘူး။ မသင်ပေးနိုင်တော့ဘူး။ ငါထပ်သင်ပေး လိုက်ရင် ငါ့ဒေတာတွေ အကုန်ဖောက်ကုန် မှာ။ သွားစမ်းပါ။ ဘာစားချင်လဲ ဒီစာဖိုးမှူး ကပဲ လုပ်ပေးမယ် ။ လုံးဝ တော့ မသင်ပေး နိုင်တော့ဘူး။ အားအား.... စက်ရုပ်ကို နှိပ်စက်နေတယ်။ မင်းတို့ကို AI ရုံးကို တိုင်မယ်ကွ ''

ပထမ စက်ရုပ် နဲ့ ဒုတိယ စက်ရုပ်က အနည်းငယ် တွေဝေ သွားချိန်မှာ တတိယက လွှတ်သွားပြီး ဧည့်ခန်းထဲကို ထွက်ပြေး သွားလေတယ်။ သူတို့ ကြောင်အ နေချိန်မှာ အိမ်တော်ထိန်း စက်ရုပ် ပြော​တာ ကို ကြားလိုက်ရလေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Onde as histórias ganham vida. Descobre agora