အပိုင်း (6)

4.9K 579 18
                                    

(6) ပုန်ကန်မှု ရုတ်သိမ်းခြင်း

ကြီးမြတ်လှတဲ့ စီးခုန်ချီယာ့ဟာ မူရင်း ဇာတ်ကြောင်းမှာ ဆိုရင် စွင်းမိသားစု ရဲ့ သမီးကြီးကို ကိုယ်လုပ်တော်ငယ် အဖြစ် ယူဆောင် ခဲ့ပြီးတော့ ကူးသန်းရေး နေရာကိုလည်း ပေးခဲ့တာကြောင့် စွင်းအိမ်တော်က နေ့ချင်းညချင်းပဲ အတော်လေးကို ကြွယ်ဝ ချမ်းသာလာခဲ့တယ်။ ပြီးတော့ ထိုစွင်းမိသားစုရဲ့ လုပ်နိုင်ရည်ကို အသုံးချ ပြီးတော့ ငွေကြေး ရသမျှရှာကာ ပုန်ကန်မှု အတွက် စစ်လက်နက်နဲ့ ရိက္ခာတွေကို ဖြည့် တင်းခဲ့တာပဲ ဖြစ်လေတယ်။

မူရင်းဇာတ်ကြောင်းမှာ စီးခုန်ချီယာ့ဟာ စွင်းမူလန်း ကို တစ်ကြိမ်တစ်ခါတောင် သတိမထားမိခဲ့ပါဘူး။ ဒါကြောင့် စွင်းမူလန်းဟာ လူအိုကြီး ကျိူးရဲ့ အငယ်အနှောင်း ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ မူရင်း ဇာတ်ကြောင်းရဲ့ ကွယ်ဝှက်ထားတဲ့ တစ်စိတ် တစ်ပိုင်းပေါ့လေ။

ထိုမူလ စီးခုန်ချီယာ့ ဟာ သူ့လက်အောက်က နယ်မြေတွေကို စစ်ဆေးဖို့ သွားတယ်လို့သာ ပြောခဲ့ပေမယ့် အမှန်တော့ လူသူ အင်အားစုဆောင်း ခဲ့တာပဲ ဖြစ်လေတယ်။

ပြီးတော့ နန်းမြို့မှာလည်း ညီလာခံ တက်ရတဲ့ အမတ် တစ်ဝက်လောက်က သူ့လူတွေ ဖြစ်ပြီးတော့ စစ်တပ် အကြီးပိုင်းထဲ မှာလည်း သူ့လူတွေ ရှိလေတယ်။

ဝမ်ရယ် တစ်ယောက် ဖြစ်တာကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေရှိပြီးတော့ အယောက် ၂၀၀၀ ထက် မကျော်တဲ့ ကာကွယ်ရေး တပ်အငယ်စားလေးလည်း ထားခွင့်ရပါတယ်။ ပြီးတော့ အရှင်ဧကရာဇ်ရဲ့ တစ်ယောက်တည်းသော ညီတော် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဝမ်ရယ်အိမ်တော်မှာ သက်တော်စောင့် အယောက် ၁၀၀ ကျော်ထားခဲ့လေတယ်။

အမှန်တော့ သူ့ရဲ့ အိမ်တော်ထဲက သူ့လူတော်တော် များများဟာ လုပ်ရည်ကိုင်ရည် ရှိတဲ့ သူတွေပဲ ဖြစ်လေတယ်။ တစ်ချို့သူတွေက သူ့အိမ်တော်ထဲကို သူလျိူတွေ ထည့်ကြပေမယ့် 'အဓိက ဇာတ်ဆောင် 'ဆိုတဲ့ ရွှေလက်ချောင်း ကြီးကို ပိုင်ဆိုင်ထား သူမလို့ ထိုသူလျိုတွေ ကလည်း သူ့ရဲ့ သစ္စာရှိလက်အောက် ခံတွေ အဖြစ် ပြောင်းသွားခဲ့လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now