အပိုင်း (25)

3.1K 340 5
                                    


(25)

ဧကရာဇ် စီးခုန်ချီယာ့ နန်းတက်ပြီးတဲ့နောက် သူက တိုင်းပြည်ကို အရင်မင်းဆက်တွေထက် ပိုပြီးတော့ ကောင်းမွန်အောင် စီမံ တည်ဆောက် နိုင်ခဲ့တယ်။

ပြီးတော့ ကျန်းဟူ လောက ကိုလည်း ဝင်မစွတ်ဖက်တော့ ပဲနဲ့ သူတို့ဘာသာ သိုင်းဘုရင်ကို ရွေးချယ်ခွင့်ပေး ခဲ့တယ်။ ဒါပေမယ့် ထို သိုင်းဘုရင်သာ နန်းတော်ကို တိုက်ရိုက် ဆန့်ကျင်ပါက ချက်ချင်း ဖျက်ဆီးလိုက်မှာပဲ ဖြစ်လေတယ်။

အခုက စီးခုန် ချီယာ့ နန်းတက်လာတာ ၃ နှစ်မြောက် ဖြစ်နေခဲ့ပါပြီ။ အကုန်လုံးပြီးပြည့်စုံ နေပေမယ့် သူ့မှာ အခုချိန်ထိ အမွေဆက်ခံ သူ မရှိသေးပါပေ။ ဒါကြောင့် အမတ်တစ်ချို့က သူတို့ သားသမီးတွေကို နန်းတော်ရဲ့ အနောက်ဆောင် ထဲကို ပို့ဖို့ ထပ်ပြီးတော့ ကြံစည်နေကြပြန်လေတယ်။

နန်းတော်အတွင်း ဖုန့်ဟွေ ဆောင်ထဲတွင် နုပျို လှပတဲ့ ကောင်လေးက မျက်မှောင်ကြုတ်ကာ အစေခံတွေ ဆက်တဲ့ ရေနွေးကြမ်းကို သောက်နေကာ အပျိုတော် တစ်ယောက် ပြောတာကို နားထောင် နေခဲ့တယ်။

'' ဒါဆို အရှင့်ကို ကိုယ်လုပ်တော် ကောက်စေဖို့ အပြင်မှာ အမတ်တွေက ကြံစည်နေကြတယ်ပေါ့လေ ''

'' ဟုတ်ပါတယ် ဧကရီ မယ်မယ် ''

'' သူတို့က ကောလ ဟာလတွေ ဖြန့်တဲ့ သူတွေဆိုတာ ကိုရော အရှင် က သိပြီးပြီလား ''

'' သိပြီးကြောင်းပါ။ ဒါပေမယ့် ဧကရာဇ် က ဘာမှ မတုန့်ပြန်ခဲ့ကြောင်းပါ။ ''

'' အို ဟုတ်ရဲ့လား.....''

ကောင်လေးရဲ့ မျက်ခုံးလေးတွေက ပိုစုကြုံ့သွား ပြီးတော့ သူလေးရဲ့ မျက်ဝန်းတွေက စူးရဲလာခဲ့လေတယ်။

'' အရှင်က ကိုယ်လုပ်တော် မကောက်ချင်လို့ပဲ ဖြစ်မှာပေါ့။ အဲ့တာကို ငါဧကရီ က ဘယ်လိုလုပ် ဝင်စွတ်ဖက် နိုင်ပါ့မလဲ ။ ''

ထိုသတင်းပေး နေတဲ့ အပျိုတော်လေး ရဲ့ မျက်နှာမှာ အမူအရာတစ်ချို့ ဖြတ်ပြေး သွားခဲ့တယ်။ ဒါပေမယ့် ခဏလေးသာ ဖြစ်လို့ ဘယ်သူမှ မမြင်လိုက် ရပေ။

'' ဧကရာဇ်ကို ပြည်သူတွေက မှားယွင်းပြီး အကြည်ညို မပျက်စေဖို့ ဧကရီ က ကိုယ်လုပ်တော် ရွေးပေးနိုင်တယ်လေ။ ဧကရာဇ်က ဧကရီကို ဘယ်လောက်တောင် တန်ဖိုး ထားသလဲ ဆိုတာ တစ်တိုင်းပြည်လုံး သိပါတယ်။ တကယ်လို့ ဧကရီကသာ နန်းတွင်း အပြင်က သူတွေကို ကိုယ်လုပ်တော် မမြောက်စေ လိုရင် ကိုယ့်လက်အောက်က နန်းတွင်း အပျိုတော် တွေ ရှိတယ်လေ ။ ဧကရီက မနာလိုဝန်တိုတဲ့ သူတစ်ယောက် မဟုတ်ဘူး ဆိုတာကို သက်သေ ပြဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now