အပိုင်း (22)

3.1K 347 4
                                    

(22)

နန်းတက်ပွဲနေ့က နှစ်သစ်ကူးပြီး ၅ရက်မြောက်နေ့မှာ ကျင်းပ လေတယ်။

ဧကရာဇ် အသစ် စီးခုန် ချီယာ့က အသက် ၂၁ ပဲရှိသေးတာကြောင့် ဧကရာဇ် သမိုင်း တစ်လျောက်မှာ အတော်လေး ငယ်ရွယ်ချောမောတဲ့ ဧကရာဇ် တစ်ယောက် ဖြစ်လေတယ်။

ဒါက ပြည်သူတွေ အတွက်တော့ အဆန်းတကြယ် မဟုတ်သေးပါချေ။ အထူးဆန်းဆုံးက ဧကရာဇ် စီးခုန်ချီယာ့ရဲ့ ဧကရီက အသက်အရမ်း ကို ငယ်သေးတာကြောင့် ပဲ ဖြစ်လေတယ်။ နောက်ထပ် အကြောင်း အရင်း ကတော့ ထိုဧကရီ အသေးလေး က ကောလေး တစ်ယောက် ဖြစ်တဲ့ အပြင် ဘယ်မိသားစု ကမှ မဟုတ်တဲ့ စီးခုန်ချီယာ့ ရဲ့ ကိုယ်ရေးကိုယ်တာ အစေခံလေး ပါတဲ့လေ ။

တကယ့် အကြီးပိုင်းတွေက သူတို့ရဲ့ ဧကရီ ဟာ စွန်း အိမ်တော်ရဲ့ ရှုသားငယ် ဆိုတာကို သိပေမယ့် ထုတ်မပြောကြပေ။ ဘာလို့လဲ ဆိုတော့ ဧကရာဇ်က ခြေတစ်လှမ်း ဦးကာ စွန်းမိသားစုမှ သားဖြစ်သူအား သူ့ဆီကို ရေသူမ မျက်ရည်တွေကြောင့် ရောင်းချခဲ့တာ ဖြစ်ပြီး စွန်းမိသားစုနဲ့ ဘာမှမဆိုင်ကြောင်းကို ထုတ်ဖော်ခဲ့လေတယ်။

နန်းတက်ပွဲ မနက်ခင်းမှာတော့ ထန်ချီ က အစောကြီး နိုးခံလိုက်ရကာ ရေနွေးနွေးနဲ့ ရေချိုးသန့်စင်ပြီးတော့ ဧကရီ တစ်ယောက် ပြင်ဆင်မှုကို အဆင့်ဆင့် လုပ်ဆောင် ရတယ်။ အရင်ဆုံး ရှုပ်ထွေးတဲ့ အဝတ်တွေ ကို အထပ်ထပ် ဝတ်ရတယ်။ ပြီးတော့ အပေါ်က အနီရောင် ဇာမဏိ ဝတ်ရုံကို ချုံလွှမ်းပြီးတော့ ပိုးဖိနပ်စီးရတယ်။ ပြီးတော့ လက်ဝတ် ရတနာ အဆင့်ဆင့် ဝတ်ရတယ်။

​ပြီးတော့ မျက်နှာကို ချယ်သ ရလေတယ်။ ထိုအချိန်အတွင်းမှာပဲ အနီရောင် နဂါးဝတ်ရုံ လွှမ်းထားတဲ့ ခေါင်းကနေ ခြေအဆုံးထိ ထူးကဲတဲ့ ဟန်ပန်နဲ့ ဧကရာဇ်လောင်းလေး စီးခုန်ချီယာ့က သတို့သမီး အဆောင် ထဲကို အတင်းဝင်လာခဲ့တယ်။

သူ့ဘေးက ကုန်းကုန်း ကတော့ ထိုဧကရာဇ် အသစ်လေးကို မဆွဲရဲလို့ ဘေးကနေပဲ တတွတ်တွတ် လိုက်သာပြောနေခဲ့တယ်။

'' အရှင်..  အရှင် ဝင်လို့ မရပါဘူး။ လက်မထပ်ရသေးခင် အချိန်ထိ သတို့သားနဲ့ သတို့သမီးက တွေ့လို့ မရပါဘူး။ တွေ့ရင် ကံဆိုးတက်ပါတယ် အရှင်''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now