အပိုင်း (၇)

1.8K 223 2
                                    

(၇)

ကျိုးချီဟာ သူ့အိုမီဂါ ဖေဖေ ရဲ့ နားချ မှု အောက်မှာ ၃ ရက် ကြီးများတောင် အိမ်မှာ နားခဲ့ ရလေတယ်။ လေး ရက်မြောက်နေ့ မနက်ခင်းမှာတော့ ကျိုးချီဟာ အနားယူတာ ရပ်လိုက်ပြီးတော့ ဝတ်စုံ အပြည့် ဝတ်ကာ ဆေးဝါး ကုမ္ပဏီကို အချိန် ပိုင်း အကြံပေး အနေနဲ့ သွားဖို့ ပြင်နေလေတယ်။

လွန်ခဲ့တဲ့ သုံးရက် အတွင်းမှာ ကျိုးချီဟာ ဖေဖေ ကျိုး နဲ့အလုပ်ကိစ္စ တိုင်ပင်ဆွေး​နွေး ခဲ့လေတယ်။

ဖေဖေကျိိုးရဲ့ ဆေးဝါး ကုပ္မဏီ အတွက် မနက် ၈ နာရီခွဲ ကနေ ၉ နာရီခွဲ အထိ တစ်နာရီ တိတိ တနင်္လာနေ့ ၊ ဗုဒ္ဓဟူး နဲ့ သောကြာ နေ့တွေမှာ သွားရမှာ ဖြစ်ပြီးတော့ အစားအသောက် ထုတ်လုပ်လေး ကုပ္မဏီ ကိုတော့ အင်္ဂါ ၊ ကြာသပတေး နေ့တွေမှာ သွားရမှာပဲ ဖြစ်လေတယ်။

ပြီးတော့ ကျင်းလန် လုပ်ငန်းစု ကြီးရဲ့ ကုပ္မဏီ ခွဲတိုင်း အသီးသီး ပိုင်ဆိုင်တဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ စာမျက်နှာတွေမှာ နိုင်ငံ ထိပ်တန်း သုတေသီ ကျိုးချီဟာ သူတို့ဆီမှာ အကြံပေး အချိန်ပိုင်း စတင်အလုပ်ဆင်း နေပြီ ဖြစ်ကြောင်း နဲ့ အနုပညာလောက ထဲမှာ စတူရီယို အသစ်ဖြစ်တဲ့ '' အရူးလေး (little fool)  '' ကိုလည်း စတင် ဖွင့်လိုက် ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ခဲ့တယ်။

သုတေသီ ကျိူးချီ ဟာ ငယ်ငယ်လေးနဲ့ အိုမီဂါတွေရဲ့ ကောင်းကျိူး ကို စောင်မထားခြင်းကြောင့် နိုင်ငံအတွင်း အလိုအရှိဆုံး ခင်ပွန်း စာရင်းထဲမှာ နံပါတ် ၅ နေရာ ချိတ်လေတယ်။ အခုလို နေမကောင်း ရာမှ ပြန်ကောင်း သွားပြီး သူက ထိပ်တန်းလွှမ်းမိုး အယ်ဖာ ဆိုတာကိုလည်း ဖွင့်ချလိုက်ရော ချက်ချင်းပဲ အလိုအရှိဆုံး ခင်ပွန်းစာရင်း ရဲ့ ထိပ်ဆုံး ကို ရောက်ရှိသွား တော့တယ်။

သုတေသီ ကျိုးကတော့ သူ့အဖေ ကျိူးဟန် ပေးထားတဲ့ သူတို့ ကုပ္မဏီထုတ် လစ်မစ်တက် အက်ဒီးရှင်း ကြီးကို စီးကာ ရုံးသွားလိုက်လေတယ်။

သူမသွားခင် သူ့ အိုမီဂါ ဖေဖေ ချီ ကို ကျောင်း ဆီသို့လိုက် ပို့လိုက်လေတယ်။ အမှန်တော့ ခါတိုင်းဆို ကျိုးဟန် ကပဲ လိုက်ပို့တာ ဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်ရက်ကတည်း က အလုပ်ကိစ္စ ခရီးသွားတဲ့ အတွက်ကြောင့် သူ့ဖေဖေ ကို သူကပဲ ကျောင်းလိုက်ပို့ပေး ရတာပဲ ဖြစ်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now