အပိုင်း (၁၀)

1.7K 204 0
                                    

(၁၀)

ကျိူးချီ ကငိုချင် နေပြီပဲ ဖြစ်တယ်။

သူ့လုပ်ရပ်တွေက မှား သွားတာ လား။

ဘာလို့ အဲ့ ဘီတာ ဦးလေး ကြီး ကို ကျတော့ စကားပြောပြီးတော့ သူ့ကိုကျ ဘာလို့ စကား မပြောရတာလဲ ။

သူ့ကို စိတ်ဆိုးတယ် ဆိုရင်လည်း ဘာလို့ ထုတ်မပြ ရတာလဲ။

အိုမီဂါ တိုင်း က ဒီလိုမျိုးပဲ စိတ်ဆိုးတာ ကို မျက်နှာသေ ကြီးပဲ ထားတက် ကြတာလား။

နောက်တစ်ခါ စိတ်ခံစားချက် အမှန်ပြဆေး ကို သူ တီထွင်သင့် သလား။

ဒါမှမဟုတ် စိတ်ဆိုး ပြေတဲ့ ဆေး ဆိုရင်ကော။

အာ.... အဲ့တာ ကြီး က ယုတ္တိမှ မရှိတာ။

ဒါပေမယ့် အဲ့တာ ကို ဖန်တီးလိုက်ရင် သေချာပေါက် အောင်မြင်လာမှာပါ။

ကျိူးချီ က အတွေးများ နေချိန် မှာ အန်းဇီရှို့ ကလည်း အတွေးများ နေခဲ့လေတယ်။

သူ့ကောင်လေး ကဘာလို့ ရိုမန့်တစ် မဆန် ရတာလဲ။

ကားပေါ် မှာ လက်ထပ်ခွင့် တောင်း ရလောက်တဲ့ အထိ ငတုံးလေးလား။

ဆရာဝန် တွေက ပြန်ကောင်း သွားပြီလို့ ပြောပေ မယ့် သူက အခုထိ သိပ်မသက်သာသေးတာ များလား။

ဒါနဲ့ ဘာလို့ မင်္ဂလာပွဲ က ဒီလောက်ထိ နောက်ကျ နေရတာလဲ။

ဒီလပိုင်းထဲ ကျင်းပ လိုက်လို့ မရဘူးလား။

ဘာလို့ သူ့ကောင်လေး က စိုးထိတ်နေတဲ့ ပုံပေါ်နေတာလဲ။

မင်္ဂလာဦးအိမ်တောင် မရွေးချင်တော့ဘူးလား။

နောက်ဆုံးတော့ ၂ ယောက် လုံးက ထုတ်မေးဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

'' ဇီရှို့ကောကော က ကျွန်တော်ကို လက်မထပ်ချင် လို့လားဟင်? ''

'' ရှောင်ကျိုး က မင်္ဂလာဦး ဗီလာ မရွေးချင်လို့လား? ''

တစ်ပြိုင်နက်ထဲ အတူတူ မေးခွန်း မေးမိသွားတော့ နှစ်ယောက်လုံး ငြိမ် ကျ သွားလေတယ်။ ပြီးတော့မှ အန်းဇီရှို့ က ပြောလာတယ်။

'' ရှောင်ကျိူး မင်း ဘာမေးလိုက်တာလဲ? ''

ထို အခါမှ အသိစိတ် ပြန်ဝင်လာတဲ့ ကျိုးချီ က အစောက မေးခွန်းကို ထပ်ပြီးတော့ မေးလာခဲ့တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now