အပိုင်း (၁၉)

1.5K 182 0
                                    

(19)

ထို အယ်ဖာ မင်းသား အမည်က ဟွမ်ပေ့ ဖြစ်ပြီးတော့ သူက ကိုမာဝင်နေတယ်လို့ လူအများက သိကြပါတယ်။ အခုတော့ အရှင်လတ်လတ် ကြီး သုတေသနခန်း မှာ ထိုင်နေလေတယ်။

လမ်းတစ်လျောက် မှာ နမ်ထုံ က သူ့ကို အနည်းအကျဥ်းတော့ ရှင်းပြ ခဲ့လေတယ်။ ဟွမ်ပေ့က ပယ်ရိုမုန်း နည်းတဲ့ အယ်ဖာ ဖြစ်တဲ့ အတွက်ကြောင့် နမ်ထုံ က သူ့ရဲ့ အိုမီဂါ ပယ်ရိုမုန်းတွေနဲ့ ဖိအားပေးပြီးတော့ အမှတ်အသား ပြုချင် နေတာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် ဟွမ်ပေ့ က အယ်ဖာ တစ်ယောက် ဖြစ်နေလေတော့ သဘာဝရဲ့ ဗဇ အတိုင်းပဲ ငြင်းဆန် ခုခံ မှု တွေ ရှိနေတာ ကြောင့် ဆေးပညာ ဆိုင်ရာ အကူအညီ ယူမှ ပဲ ရမှာ ဖြစ်တယ်။

ပြီးတော့ နမ်ထုံက သူ့ကို အိုမီဂါ ဘက်ကနေ ဖိအားပေး လိုက်တဲ့ အချိန် တစ်ခဏ အတွင်းမှာ ခုခံတဲ့ အယ်ဖာ ပယ်ရိုမုန်းတွေက အရင်ကထက် မြင့်တက် လာရမှာ ဖြစ်ပြီးတော့ ထိုအချိန်ဟာ ကလေး တစ်ယောက် ထုတ်လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်လေတယ်။

တစ်ခါ စမ်းကြည့်ခဲ့ ပေမယ့် ဟွမ်ပေ့ က သေလုမတက် နာကျင်နေခဲ့တော့ ကလေး တစ်ယောက် ထုတ်လုပ်ဖို့ မပြောနဲ့ နမ်ထုံရဲ့ ကြယ်သီး တစ်လုံးတောင်မှ မဖြုတ်နိုင်ခဲ့ ပါပေ။

ခဏတိုင်းလှုံ့ဆော်ရင် လည်း ဆေးယဥ် သွားပြီးတော့ ဘာမှ ဖြစ်မလာတော့မှာ ကို စိုးရိမ်တဲ့ အတွက် လွန်ခဲ့တဲ့ ခြောက်လ ကျော် အတွင်းမှာ နှစ်ကြိမ်ပဲ စမ်းခဲ့ရလေတယ်။

ဟွမ်ပေ့ က လွန်ခဲ့တဲ့ ရက်တွေက စပြီးတော့ စိတ်ဓာတ်ကျလာကာ တမှိုင်မှိုင် တတွေတွေ ဖြစ်လာခဲ့ ပြီးတော့ သူ့ကို ပစ်ပယ်လိုက်ဖို့ နမ်ထုံ ကို တောင်းဆိုလာခဲ့လေတယ်။

နမ်ထုံ ကလည်း ဟွမ်ပေ့ကို တကယ်သဘောကျ တာကြောင့် လက်မလွှတ်ပေးနိုင်ခဲ့ပေ။ ဒါကြောင့် တကယ့်ကို အကြံ အိုက်နေတဲ့ အချိန်မှာပဲ ကျိုးချီ က အယ်ဖာ အမှတ်အသား ဖျက်ဆေး ကို ဖော်ပြီးတော့ စိန်အဆင့် သုတေသီ ဖြစ်လာ လေတယ်။

အမှတ်အသားဖျက်ဆေး ကို တောင်ဖော်နိုင်မှတော့ ပယ်ရိုမုန်း တိုးမြင့်ပေးတာလည်း လုပ်နိုင်ရမှာပေါ့။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Où les histoires vivent. Découvrez maintenant