1

13.7K 635 19
                                    

ဧပြီလရဲ့ နံနက်ခင်းလေးတခုမှာ ဒေစီပန်းခင်းကြီးထဲ ပြေးလွှားဆော့ကစားနေတဲ့ 7 နှစ်အရွယ်ကလေးလေးတယောက်..

ထိုပန်းလေးတွေကို သူ၏ အမေဖြစ်သူက အရမ်းသဘောကျရသည်.. ထိုကြောင့်ပင် အဖေဖြစ်သူက သူတို့ရဲ့ ခြံအနောက်ဘက်က ကွင်းပြင်ကြီးထဲမှာ ဒေစီပန်းတွေကို စိုက်ပျိုးပေးထားသည်..

လိုချင်လို့လာဝယ်တဲ့သူတွေကိုတောင် မရောင်းချပဲ သူရဲ့တဦးသော ချစ်ရသူအမျိုးသမီးလေးအတွက်သာ ထိုဒေစီပန်းခင်းကြီးကို စိုက်ပျိုးးထားခြင်းဖြစ်သည်..

အမေ ဖြစ်သူနည်းတူ ယောကျားလေးတယောက်ဆိုပေမယ့် ဒေစီပန်းလေးတွေကို အလွန်သဘောသည်..မိခင်ဖြစ်သူက သူသုံးနှစ်သားအရွယ်မှာ ဆုံးပါးသွားချိန်မှာတော့ ထို ဒေစီပန်းခင်းကြီးဟာ အမေပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်ဖြစ်ခဲ့ရသည်..

Taehyung တို့သားဖဟာ သူတို့ပိုင်ဆိုင်တဲ့ ခြံကြီးထဲမှာ သူဌေးတွေရဲ့ မြင်းတွေကို အငှားစောင့်လျှောက်ပေးရတဲ့ အလုပ်ကိုလုပ်ကိုင်ကြသည်..

ငွေရေးကြေးရေးပြေလည်ကျတယ်လို့မဟုတ်ပေမယ့် သားဖ နှစ်ယောက်အတွက်တော့ စားနိုင်လောက်သလောက်တော့ ရှိသည်..အဲ့ထက်တော့ပိုမလာ..

ဒါကြောင့်လည်း Taehyung လေးဟာ ခုချိန်ထိ ကျောင်းမတက်နိုင်သေး..ကျောင်းအရမ်းတက်ချင်တဲ့ Taehyung လေးဟာ ဖခင်ဖြစ်သူရဲ့ အခက်အခဲကို နားလည်တာကြောင့် ဘာမှကိုမပူဆာကာ တနေ့တနေ့ ဒေစီ ပန််းခင်းကြီးထဲမှာသာ အချိန်ကုန်ဆုံးနေတက်သည်...

.....
မွေးဖွားချိန်ကစလို့ ရွှေလင်ဗန်းနဲ့ အချင်းဆေးခဲ့ရကာ အကောင်ဆုံးသော အသုံးအဆောင်တွေနဲ့သာ ထိတွေ့ခွင့်ရခဲ့သလို ယခု လို 5 နှစ်ပြည့်တဲ့ချိန်ထိ အရာရာ မရဘူးဆိုတာမရှိအောင်နေခဲ့ရတဲ့ သူတယောက်.

အချွေအရန်များစွာခြံရံထားသလို မိဘရဲ့ ဖူးဖူးမှုတ် ပိုးမွေးသလိုမွေးထားတဲ့ သားလေး..
5 နှစ်အရွယ်ကလေးတယောက်ဆိုပေမယ့် ထက်မြက်သည်.ရဲဝံ့သည်.ဆိုးသည်.အကျောတင်းသည်.မာနအလွန်ကြီးသလို ပြောရင်ပြောတဲ့ အတိုင်းလုပ်တက်တာကြောင့် ထိုကလေး ကို မိဘတွေကပင် တခါတရံ လက်မြှောက်ထားရသည်..

Daisy  (complete) Where stories live. Discover now