30

4.2K 284 18
                                    

" Hyung ကျွန်တော် ပန်းဆိုင်သွားတော့မယ်နော် "

" ok စက်ဘီးသေချာနင်းနော်"

" ဟုတ် Hyung"

Taehyung ဟာ Jimin အကူအညီဖြင့်
ဆွစ်ဇလန်နိုင်ငံရဲ့ နေရာလေးတခုမှာ Jimin ရဲ့ သူငယ်ချင်းအကိုဖြစ်သူ D.ksj နဲ့ အတူ​နေသည် ...

ရောက်ခါစက သူလည်း အတော်လေးကိုပင်ပန်းခဲ့သည်..စိတ်အခြေအနေ မကောင်းလို့ jin hyung လုပ်တဲ့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူခဲ့ရ သေးသည်..

တဖြေးဖြေး စိတ်ရောဂါကု ဆရာဝန်ဖြစ်တဲ့ jin hyung ကပဲ ကုထုံးနဲ့ကုသပေးလိုက်ချိန်မှာတော့ အခြေအနေအရမ်းမဆိုးလှတဲ့ Taehyung ဟာ နှစ်ပတ်လောက်အချိန်တွင်းမှာ သာမာန်ပြန်ဖြစ်လာခဲ့သည်...

"ငါညီတော်တယ် လူတယောက်ကို ချစ်လို့ပဲ ဖြစ်ဖြစ် မုန်းလို့ပဲ ဖြစ်ဖြစ် လွယ်လွယ်နဲ့မေ့ဖို့မလွယ်ဘူးဆိုတာ အကိုနားလည်တယ် ဒါပေမယ့် အဲ့တာတွေကြောင့်နဲ့ မင်းဘဝကြီးကို မနစ်မွန်းစေနဲ့ ကိုယ့်ကိုကိုယ်ချစ်ပြီး အကောင်းဆုံးရှင်သန်ပါ "

"ဟုတ် Hyung "

ခုဆိုရင်တော့ သိပ်လှတဲ့ ဆွစ်ဇလန်နိုင်ငံမှာ သိပ်လှတဲ့ ပန်းလေးတွေကို ရောင်းတဲ့ ဆိုင်လေးတဆိုင်မှာ ထိုပန်းလေးတွေနဲ့ အပြိုင် လှလို့နေတဲ့ ဆိုင်ရှင်ကောင်လေးတယောက်ရှိလို့နေသည်..

သာယာလှတဲ့ မနက်ခင်းလေးမှာ စက်ဘီးရဲ့ ခြင်းလေးထဲ ဒီနေ့ရောက်တဲ့ ပန်းလေးတွေကို
ထည့်ကာ ထွက်လာခဲ့သည်..

အနိမ့်အမြင့်မညီလှတဲ့ တောင်ကုန်းလမ်းလေးတွေကို အားဆိုက်ကာနင်းလို့လာတဲ့ Tae.. သူဆိုင်ရှိရာ လမ်းချိုးလေးထဲ ဖြေးဖြေးခြင်းနင်းလို့လာတော့ လမ်းမှာရှိတဲ့ သူတော်တော်များများနဲ့ ရင်းနီးကာ လူတိုင်းကနှုတ်ဆက်သလို သူကလည်းနှုတ်ဆက်လို့နေသည်...

" Hello "
"Hello.... "

ပန်းဆိုင်ရောက်တော့ အသင့်စောင့်လို့နေတဲ့ ဆွစ်လူမျိူးအလုပ်သမားကောင်လေး ..

" morning ပါ အကို ဒီနေ့နောက်ကျတယ်နော် "

" အင်းဟုတ်တယ် မနက်လာပို့တဲ့ ပန်းစောင့်နေတာ ရော့သော့ဖွင့်လိုက်တော့ "

Daisy  (complete) Where stories live. Discover now