28

5.1K 286 9
                                    

နောက်နေ့ နေ့လည်လောက်မှ အိမ်ယာကနိုးလာတဲ့ Daisy ခန္တာကိုယ်တခုလုံးကိုင်ရိုက်ထားသလို ခံစားရတဲ့အပြင် ခေါင်းတခုလုံးကလည်း မထောင်နိုင်လောက်အောင်ကိုက်လို့နေသည်..

အိပ်ယာထက်အားယူကာထလိုက်ပြီး ရေချိုးခန်းရှိရာ ထွက်လာလိုက်သည်..ရေချိုခန်းထဲရောက် မှန်ထဲမှာ မြင်လိုက်ရတဲ့ ကိုယ့်ပုံကိုယ်မြင်ကာ
လန့်လို့သွားတဲ့ Daisy..

ဝတ်ထားတဲ့ ရှပ်အကျီကို ကြယ်သီးဖြုတ်လို့ ချွတ်ကာ ကြည့်လိုက်ချိန်မှာ ခန္တာကိုယ်တခုလုံးက အနီရောင်အကွတ်တွေအပြင် သွားရာ ဗလပွနဲ့ ဖြစ်လို့နေသည်..

" ဒါ ဒါ က အားး ခေါင်းကိုက်လိုက်တာ "

ဘေစင်ဘောင်ပေါ် လက်ထောင်ကာ ဒီလိုအခြေအနေကဘယ်လိုတောင်ဖြစ်သွားရတာလည်းဆိုတာကို ပြန်စဥ်းစားကြည့်လိုက်ချိန်မှာတော့ တဖြေးဖြေး ဟို တစဒီတစနဲ့ ပြန်မှတ်မိလို့လာကာ ညက အခြေအနေကို ရိပ်မိသွားတော့သည်..

" Jeon jungkook! !!!! ငါ မင်းကို အရမ်းမုန်းတယ် ဟင့် ဟင့် ဟင့် "

ထိုအချိန် အပြင်က တံခါးဖွင့်သံ ကြောင့် J လာတယ်ထင်ကာ ရေချိုးခန်းထဲက ထွက်လို့လာပြီးပြောမယ်အလုပ်..

" ဟင် အထိန်းတော်ကြီး ဘယ်လိုလုပ် Jeon Jungkook ရော "

" သား Taehyung သွားတော့ "

" ဗျာ "

" ဦးလေးခေါင်းကို ဒါနဲ့ရိုက်ပြီးထွက်သွားတော့ "

" ဦးလေးကြီး မဖြစ်ဘူး J သိရင် J သိသွားရင် တအိမ်လုံး ဒုက္ခရောက်လိမ့်မယ် "

" သား Taehyung ခုချိန်မှ မသွားရင် သခင်လေး Jeon လက်ထဲ ဒီတိုင်းတသက်လုံးနေသွားရမှာ ထွက်သွားပါ သားရယ် ဦးလေးမကြည့်ရက်တော့ဘူး "

" ဟင့် ဦးလေးကြီး "

" ရော့ ဒီပန်းအိုးနဲ့ ဦးလေးခေါင်းကိုရိုက်သွား "

" ဟင့်အင်း ဟင့်အင်း "

အိမ်တော်ထိန်းကြီးမှာ Daisy ရဲ့ လက်ထဲ ပန်းအိုးကို အတင်းထိုးပေးကာ သူအရိုက်ခံဖြစ် အသင့်ဖြစ်လို့နေသည်..

" သားရိုက်သွားမှ ဖြစ်မှာ မဟုတ်ရင် ဦးလေးတို့ပိုဆိုးလိမ့်မယ် ရိုက်လိုက်တော့သား အချိန်မရှိဘူး "

Daisy  (complete) Where stories live. Discover now