29

4.5K 318 19
                                    

"မင်းတို့တွေ စောက်သုံးကျတာဘာရှိလည်း ပြောစမ်း!!! ဒါလေးတောင်တွေ့အောင်မရှာနိုင်ကြဘူး ငါပိုက်ဆံဘယ်လောက်ကုန်ကုန် တွေ့အောင်ရှာဖို့ပြောတာတောင် တွေ့အောင်မရှာနိုင်ကြဘူးလား "

ဖြောင်း

သူရှေ့မှာ လက်ကိုနောက်ပြစ်လို့ ခေါင်းကို ငုံ့ကာရပ်လို့နေတဲ့ သက်တော်စောင့် 4 ယောက်ထဲက အစွန်ဆုံးတယောက်ရဲ့ ပါးကို ရိုက်လိုက်သည်..

"ထွက်သွား ခုချက်ချင်းထွက်သွားပြီး ကမ္ဘာကြီးတခုလုံးကို မြေလှန်ပြီးပဲရှာရရှာရ တွေ့အောင်ရှာခဲ့ကြ "

စားပွဲပေါ်တင်လို့ထားတဲ့ အရက်ခွက် ယူသောက်လိုက်ပြီး ဒေါသကထွက်နေတာကြောင့် လက်ထဲက ဖန်ခွက်ကို နံရံကိုပိတ်ပေါက်လိုက်တော့သည်...

ခွမ်းးးးး

"အားးးးးး-ီးပဲကွာ Daisyyyy ပြန်လာခဲ့ပေးပါ မောင့်စီကို "

အခန်းထဲရှိ ပစ္စည်းတွေကိုလည်းစိတ်ကြိုက်ရိုက်ခွဲထားတာများ အခန်းတခုလုံးပြန့်ကျဲလို့..ထိုအချိန်အနောက်ကဝင်လာတဲ့ အိမ်တော်ထိန်း

" သခင်လေး နေ့လည်စာ စား..."

" ထွက်သွားးးး ဘာနေ့လည်စာမှမစားဘူး အရက်လာပို့ခိုင်းလိုက် "

" ဟုတ်ကဲ့ သခင်လေး "

တီတီတီ

"ဟုတ်ကဲ့ သူဌေး "

" ငါစောင့်ကြည့်ခိုင်းထားတဲ့ ကောင်ကိုသေချာကြည့်ထားလား "

"ဟုတ်ကဲ့ သူဌေး ထွေထွေထူးထူး ဘာမှမရှိပါဘူးသူဌေး"

"တောက် !!!! park jimin park jimin မင်းးး ငါသိနေတယ် "
......

အချိန်အားဖြင့် တလ သာကြာသွားသည် Daisy ကိုလုံးဝရှာလို့မတွေ့သေးတဲ့ J..နိုင်ငံ အနံ့ သူ့လူတွေလွှတ်ကာ ရှာခိုင်းသလို Daisy ရဲ့ နာမည်ကိုလည်း လူအဝင်အထွက်စာရင်းတွေမှာ လိုက်ရှာတာလည်း လုံးဝ မတွေ့ခဲ့..

တလအတောအတွင်းမှာ J ဟာ အရက်နဲ့သာ နှစ်ပါးသွားနေပြီ အလုပ်လည်းမသွားနိုင်တော့သလို အခန်းထဲမှာသာ Daisy နဲ့ သူရဲ့ ကမ်းခြေမှာ ဆော့ကစားခဲ့ကျတဲ့ Video လေးကို အချိန်ပြည့် ဖွင့်ထားကာ ကြည့်လို့နေသည်...

Daisy  (complete) Where stories live. Discover now