ထမင်းစားသောက်ပြီးတော့ J ဟာ အလုပ်စားပွဲမှာလုပ်လက်စ စာရင်းတွေလုပ်နေရပြီး..Daisy ကတောမပြန်ရဘူးဆိုတာကြောင့် ဆိုဖာမှာထိုင်ကာ စာအုပ်ဖတ်လို့နေသည်.
J ဟာ စာအုပ်ဖတ်လို့နေတဲ့ Daisy ကို လှမ်း
ကြည့်ပြီး ပျင်းနေမှန်းသိတာကြောင့် လုပ်လက်စအလုပ်ကို ဆက်မလုပ်တော့ပဲ ပစ်ထားခဲ့ကာ ထလာခဲ့သည်.." Daisy "
" အင်း J "
" ပြန်ရအောင်"
" အလုပ်တွေရော "
" နောက်မှလုပ်တော့မယ် "
J နဲ့ Daisy ကအခန်းထဲက ထွက်ဖို့လုပ်နေချိန် အခန်းထဲဝင်လာတဲ့ မန်နေဂျာ Hobi..
"သူဌေး ညနေအစည်းအဝေးရှိသေးတယ်လေ "
" ဖျတ်လိုက် "
" သူဌေး အရေးကြီးတဲ့ အစည်းအဝေးလေ "
" ငါ့ဘဝမှာ 17 နှစ်သားထဲက အလုပ်လုပ်လာရပြီး အရေးကြီးတဲ့ အစည်းအဝေးမြှောက်များစွာလည်းလုပ်ပြီးပြီ အဲ့တော့ ခုဖျတ်လိုက် ငါ Daisy နဲ့သွားစရာရှိတယ် "
" သူဌေး "
" အရေးကြီးရင် မင်းဝေးလိုက် ငါ့ဘဝမှာ Daisy လောက် ဘယ်အရာမှ မရေးမကြီးဘူး Daisy လာသွားမယ် "
" J "
"Daisy! !!!"
" အင်းပါ J သဘော "
Daisy ရဲ့ J ဆိုပြီးခေါ်လိုက်တဲ့ အသံကြောင့် Hobi တယောက် တားပေးမယ့်သူပေါ်လာပြီဆိုပြီး ခုဏခေါင်းငုံ့ကာ J ဟောက်တာခံနေပြီး Daisy အသံလည်းကြားရောချက်ချင်းခေါင်းထောင်သွားကာ ဝမ်းသာသွားပေမယ့် Daisy ရဲ့ J သဘောဆိုတဲ့အသံလည်းကြားရော စိတ်ပျက်လက်ပျက်ဖြစ်ကာ ခေါင်းတခါခါဖြင့် အတွဲတွေကြား ဘာမျှော်လင့်ချက်မှ မထားတော့ဘူးဆိုတဲ့ မျက်နှာနဲ့ သာ..
J ဟာ Daisy လက်ကိုဆွဲလို့ ရုံးခန်းထဲကနေထွက်လာခဲ့လိုက်သည်..လက်ထဲမှာ ဖိုင်တွဲအပြည့်နဲ့ မန်နေဂျာ Hobi မှာတော့ သူဌေးပြောသလို သူပဲဝေးရမလို အစည်းအဝေးပဲဖျတ်ပြစ်ရတော့မလို တန်းလန်းကြီး ကျန်ခဲ့တော့သည်...
နှစ်ယောက်သား မဂ်လာဝတ်စုံံဆိုင်သီးသန့်ရယ်လို့မဟုတ်ပေမယ့် နာမည်ကြီး သူဌေးတွေ မင်းသားတွေရဲ့ အဝတ်အစားတွေကိုသာ သီးသန့်ချုပ်ပေးတဲ့ Korea ရဲ့ နာမည်အကြီးဆုံးနဲ့ စျေးအမြင့်ဆုံး ဒီဇိုင်းနာရဲ့ ဆိုင်သို့ရောက်လာခဲ့သည်..J ဟာ ဒီ ဒီဇိုင်းနာရဲ့ အဝတ်အစားတော်တော်များများကို ဝတ်တဲ့သူဖြစ်သည်..