31

4.1K 279 16
                                    

" ရော့ မင်းအတွက် "

စားပွဲခုံပေါ်က ပန်းစည်းလေးကိုယူကာ သူ့အတွက်ဆိုပြီး ပေးလိုက်တော့..ထိုပန်းစည်းလေးကို ယူကာပန်းလေးတွေ မွှေးကြည့်လိုက်ပြီး...

" ဒါငါ့ဆိုင်က ပန်းလေးတွေမဟုတ်လား jimin "

" ဟုတ်တယ် ပန်းဝယ်ပြီးမင်းစီလာမလို့ ပန်းဝင်ဝယ်တာပဲ ဝယ်ပြီး Jin hyung ကို မင်းကိုမေးတော့ ဒီဆိုင်လိပ်စာဖြစ်နေတယ် မင်းက ပန်းဆိုင်ဖွင့်တာ ငါ့ကိုတောင်မပြောဘူး "

" အင်း ဒီရက်ထဲ မင်းနဲ့ဖုန်းမပြောဖြစ်လို့လေ ဖွင့်တာမကြာသေးဘူး အရင်ဆိုင်ပိုင်ရှင် အန်တီက သူ့သားသမီးတွေရှိတဲ့ မြို့ကို အပြီးပြောင်းသွားလို့ ငါ့ကိုရောင်းခဲ့တာ အဲ့တာ Jin hyung က ဝယ်ပေးထားတာ ငါ့ဆိုင်မဟုတ်ပါဘူး Jin hyung ဆိုင်ပါ "

" ငါ Jin hyung စီက ပြန်ဝယ်လိုက်မယ်လေ ငါ့ ဆိုင်ဖြစ်သွားအောင် ပြီးတော့ ငါ့ဆိုင်ဆိုတော့မင်းဆိုင်ပဲပေါ့ ဟုတ်ဘူးလား Tae "

" ဟင် အင်းးအဲ့လိုလား "

" အင်း ဟုတ်တယ် "

" မင်း ခုမှရောက်တာလား အထုတ်တွေရော "

" အထုတ်တွေက လောလောဆယ် Hotel မှာထားထားတယ် မင်းကို surprise လုပ်ချင်လို့ အိမ်အရင်မသွားတာ ငါကမင်းနဲ့တူတူနေမှာလေ "

" အင်း ကောင်းတာပေါ့ "

" မင်းရော နေရတာအဆင်ပြေလား Tae ငါမင်းကိုစိတ်ပူနေတာ ချက်ချင်းလိုက်လာချင်တာ ကျောင်းကစာမေးပွဲရှိနေလို့ ခုမှ လိုက်လာရတာ ငါက မင်းကိုအရမ်းလွမ်းနေတာ မင်းရော Tae "

" ငါလား ငါလည်း မင်းကိုသတိရနေတာပေါ့ "

" သတိရယုံပဲလား Tae မင်း ငါ့ကို လွမ်းမနေဘူးလား "

" Jimin "

" ထားပါ "

" jimin ဟိုလေ.... "

" ဟူးးးး စကားလမ်းကြောင်းသမ်းထဲက သိတယ် Jeon jungkook လား မင်းမရှိလည်း အဆင်ပြေပြေရှိနေတယ် ဘာမှစိတ်ပူမနေနဲ့ ခုထိတော့မင်းကိုရှာနေတုန်းပေါ့ Korea ပြန်ဖို့စိတ်ကူးမနေနဲ့ မင်းကို ပြန်မိတာနဲ့ အရင်လိုလွတ်လပ်မှာမဟုတ်တော့ဘူးဖမ်းချုပ်ထားမှာ "

Daisy  (complete) Where stories live. Discover now