5

6.6K 466 8
                                    

Jungkook အိမ်ရောက်ပြီးထဲက အဖေရှိရာစီပြန်ခွင့်မပေးတော့တာကြောင့်  Taehyung မှာ သူ့အဖေစီမပြန်တာ 5 နှစ်ကျော်ကြာသွားခဲ့တယ်..

ဒီနေ့သူရဲ့ 12 နှစ်ပြည့်မွေးနေ့မှာ Jungkook စီက ခွင့်ပြုချက်ရတာကြောင့် သူ့အဖေရှိရာစီ Jungkook အကူအညီဖြင့် ရောက်လာခဲ့သည်..

အဝေးကလှမ်းမြင်ရတဲ့ မြင်စောင်းကြီးက အရင်လို ရှင်းလင်းမနေ..မြက်ပင်များဖြင့်ဖုံးလွမ်းနေကာ နွယ်ပင်များကလည်း မြင်စောင်းတခုလုံးကို ခြုံငုံခါးသည်..

သူ့ရှေ့မှာမြင်နေရတဲ့ မြင်စောင်းကိုကြည့်ရင်း ကျောက်ရုပ်သဖွယ်ရပ်လို့နေတဲ့ Taehyung. ဒီနေ့ ဒီအချိန်ရောက်ဖို့ သူအများကြီးစောင့်ခဲ့ရတယ် အဖေကို လွမ်းတဲ့စိတ်ကို မျိုသိပ်ကာ နေခဲ့ရတယ်..ခုတော့သူမြင်နေရတာက အဖေမရှိတော့တဲ့ ခြုံတွေပိတ်ဖုံးနေတဲ့ မြင်စောင်း..

" အဖေ! !!!ဟင့် ဟင့် သားပြန်လာတယ်လေ အဖေ ဒီမှာပဲစောင့်နေမယ်ဆို အဖေ "

မြင်းစောင်းဘေးက အိမ်လေးထဲကိုပြေးဝင်သွားကာ အိမ်လေးထဲလျှောက်ပက်ရှာကြည့်တော့ ခုံလေးပေါ်တင်ထားတဲ့ ဖုံတက်နေတဲ့စာလေးတစောင်..ထိုစာလေးကို ဖတ်ကြည့်ရင်း စီးကျလာတဲ့မျက်ရည်တို့ကိုသုပ်ကာ

" အဖေ အရမ်းရက်စက်တယ် ပြောတော့ သားကိုလွမ်းနေမှာဆို ခုတော့ သားနဲ့ဝေးရာ အဖေထွက်သွားနိုင်ပြီပေါ့ မုန်းတယ် မုန်းတယ် "

ပြေးထွက်သွားရာ နောက်ခြံထဲက Daisy ပန်းခင်းကြီးစီ သို့သော်လည်း စောင့်ကြိုနေတဲ့ အညိုရောင်ကွင်းပြင်ကြီးသာ ထိုကွင်းကြီးကို ကြည့်ရင်းပြိုလဲကျသွားတဲ့ Taehyung..

" အမေ အဖေက သားတို့ကို ထားခဲ့ပြီ အမေ အရမ်းလွမ်းတယ် ဟင့်"
....

JK " ဦးလေးကြီး သေချာလုပ်ခဲ့တာပဲ တော်တယ် အဖေ ကို ဆုချဖို့ပြောပေးမယ် "

D " ကျေးဇူးတင်ပါတယ် သခင်လေး "

သူလိုချင်တဲ့ အခြေအနေရောက်မှသာ ကားပေါ်က ဆင်းကာ Taehyung နောက်လိုက်လို့သွားတဲ့ Jungkook..နောက်ခြံထဲမှာ မြေပြင်ပေါ်ထိုင်လျက်ငိုလို့နေတဲ့ Taehyung နားသွားရပ်လိုက်ကာ

Daisy  (complete) Where stories live. Discover now