81

2.9K 187 38
                                    

အခန်းထဲကနေ တမှိုင်မှိုင်နဲ့ထွက်လာတဲ့ appa ဖြစ်သူကို သူ့အခန်းထဲကနေ ကျောင်းသွားဖို့ထွက်လာတဲ့ Jeon Tae လှမ်းမြင်တော့ appa နားကိုပြေးကာလက်ကလေးကိုကိုင်လို့

" appa နေမကောင်းဘူးလား "

" အင်းရင်ထဲမကောင်းလို့ သား "

" ခုမှနိုးတာမဟုတ်လား ဗိုက်ဆာလို့နေမှာ လာ appa.Daddy ကဒီနေ့ appa ကြိုက်တဲ့ ခေါက်ဆွဲလုပ်ကျွေးမယ်တဲ့ "

" ဟုတ်လား ရှယ်ပဲပေါ့ သွားရအောင် "

သားဖနှစ်ယောက် အိမ်ပေါ်ကနေဆင်းလာကာ အနောက်ခန်းကိုလှမ်းကြည့်လိုက်တော့ တယောက်ထဲအလုပ်တွေရှုပ်နေတဲ့ Daddy J..

" J ကျက်ပြီလား "

" Daddy.. appa က ရင်ထဲမကောင်းဘူးတဲ့ "

" ဟုတ်လား Dasiy နေမကောင်းဘူးလား "

လက်ထဲက လုပ်လက်စကို ချကာ Daisy နားသွားလို့နဖူးလေးကို စမ်းကြည့်နေတဲ့ J.ကိုယ်ပူစမ်းကြည့်တော့မပူတာကြောင့် နဖူးလေးကိုအနမ်းလေးတပွင့်ပေးလိုက်သည်..

" မပူတော့မပူဘူး "

ခေါက်ဆွဲရတော့ Daisy နဲ့ သားဖြစ်သူကိုအရင်ဦးစားပေး အသားများများ အရွက်နည်းနည်းထည့်ပေးကာ သူကတော့ကျန်တဲ့ဟာသာထည့်လိုက်တဲ့ J..

" စားအချစ် အချစ်ကြိုက်တဲ့ အသားများများ.. သားလည်းစား Daddy သားကြိုက်တဲ့ အရွက်တွေပါတယ် "

Jeon Tae ကတော့ ကျောင်းသွားရတော့မှာကြောင့်ခပ်သွက်သွက်လေးစားနေပေမယ့် Daisy ကတော့ ခုဏရင်ထဲမကောင်းတာနဲ့ တလုပ်နဲ့တလုပ်စားဖို့တော်တော်အရိုန်ယူနေသည်..

" အချစ် မောင်လုပ်ထားတာစားလို့မကောင်းလို့လား"

" ဟင့်အင်း ကောင်းတယ်မောင် ငါ ဗိုက်မဆာသေးလို့ထင်တယ် "

" သားကျောင်းသွားရင် မောင်တို့ Namjoon Hyung စီသွားရအောင် Daisy "

" အင်း သွားမယ်လေမောင် "

" appa နေလို့မကောင်းလို့လား ဘယ်နားနာနေလို့လည်း "

" ဟင့်အင်း သားမဆိုးရိမ်နဲ့နော် ဘာမှမဖြစ်ဘူး ဒီတိုင်းဆေးခန်းသွားပြတာ ဟုတ်ပြီလား "

Daisy  (complete) Where stories live. Discover now