33

3.9K 262 16
                                    

" Daisy မောင့်ရဲ့ Daisy ထတော့လေ မောင်တို့ ခရီးထွက်ကြမယ်လေ အိုးး မောင့် ကလေးလေးကတော့ကွာ အိပ်ပုတ်ကြီးနေလိုက်တာ ထတော့ နောက်ကျရင် ခဏပဲလည်ရမှာနော် Daisy "

" J"

" အိမ်မက်မက်နေတာလား Tae ငါနိုးနေတာလေ "

" အာ ဟုတ်တယ် ငါအိမ်မက်မက်နေတာ "

" အင်းးး ထတော့ ညက အိပ်မပျော်လို့လား "

" အင်း နဲနဲနောက်ကျသွားလို့ Jimin "

" ထ ငါအောက်မှာစောင့်နေမယ် မနက်စာစားဖို့ "

Jimin ဟာ Taehyung ရှေ့ အလှဆုံးပြုံးပြကာ အောက်သို့ဆင်းလာခဲ့သည်..အပြင်ပိုင်းတွင်သာမက အိမ်မက်ထဲထိ Taehyung ရဲ့ စိတ်ကို စိုးမိုးနေတဲ့ Jungkook ကိုလည်း သူမုန်းသည်..
မျက်နှာသစ် ကာ အဝတ်အစား လဲလို့ မနက်စာစားရန် အိမ်ပေါ်က ဆင်းလို့လာတဲ့ Taehyung...

" Tae လာ Jin Hyung ကတော့သွားပြီ "

" အင်း ဒါမင်းလုပ်ထားတာလား "

" အင်းဟုတ်တယ် "

" ငါက မလုပ်ပေးရပဲ မင်းကလုပ်ပေးနေရတယ် ဧည့်သည်ကို အဲ့လို ဧည့်ဝတ်ကျေတာ ဟီးဟီး ကျေးဇူးပါ မနက်စာအတွက် "

မနက်စာ စားသောက်ပြီးလို့ ဆိုင်ကို ထွက်လာခဲ့တဲ့ Taehyung ဆိုင်ရောက်ပြန်တော့လည်း မနက်က အိမ်မက်အကြောင်းသာတွေးရင် အလုပ်ထဲ လည်းစိတ်မရှိတော့ တောင်းတွေမြှောက်တွေးနဲ့သာ အချိန်ကုန်နေတော့သည်...

.....

"Daisy "

မနက်ခင်းမှာ သူ့ရဲ့ကိုယ်ပိုင်ပန်းဆိုင်လေးကို ဖွင့်လို့နေတဲ့ Daisy ..Daisy ကိုမြင်လိုက်တဲ့ ချိန်မှာ နှုတ်ခမ်းဖျားကနေ အလိုလို ခေါ်လိုက်မိတဲ့ J..

ပန်းလေးတွေကို သေချာပြင်ဆင်လို့နေရင်း တဖက်ကားလမ်းကို အကြည့်တို့ရောက်သွားချိန်မှာ တွေ့လိုက်ရတဲ့သူ..ဒီလိုနေရာမျိုးမှာ J ကိုတွေ့ရမယ်လို့ သူလုံးဝမထင်ခဲ့တာ..ဒါက တိုက်ဆိုင်တာလား ဒါမှမဟုတ် J ပြောခဲ့ဘူးတဲ့ စကားအတိုင်း

* မင်း ငါ့အနားက ထွက်ပြေးတာနဲ့ ကမ္ဘာမြေကြီးတခုလုံးကို မြေလှန်ပြီးတော့ကို မတွေ့တွေ့အောင်ရှာမှာ အဲ့တာ မင်းမြဲမြဲမှတ်ထား *

Daisy  (complete) Where stories live. Discover now