50

5K 260 15
                                    

နှစ်နှစ်ခန့်ကြာသော်.

လတွေအလီလီပြောင်းလို့ 4 လရာသီဖြတ်သန်းပြီးချိန် သာယာလှတဲ့မနက်ခင်းလေးတခုမှာ အရင်လိုတိတ်ဆိတ်လှတဲ့ Jeon အိမ်တော်ကြီးက ခုဆို အိမ်ရဲ့ဆည်းလည်းလေး J နဲ့ Daisy ရဲ့ မျိုးဆက်လေးဖြစ်တဲ့ Jeon Tae ဆိုတဲ့ သားလေးတယောက်ရှိလို့နေပြီ..

J နဲ့ Daisy ဟာ လက်ထက်ပြီးထဲက သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေး ကိုချက်ချင်းပဲယူဖို့ ဆုံးဖြတ်ခဲ့ကြပြီ ဆေးပညာအကူအညီဖြင့် ယူခဲ့ကြတာ သူတို့အတွက်လည်း ကံကောင်းတယ်လို့ပဲပြောရမယ့် တခါထဲနှင့်တင် အော​င်မြင်ခဲ့သ​​ည်..ခုဆို သားလေးက 4လသား အရွယ်ပင်ရှိလို့​နေပြီ..

နှစ်ဘက် ဆွေမျိုးသားခြင်းမရှိတဲ့ သူတို့နှစ်ယောက်အတွက် သားလေး Jeon Tae ဟာ သူတို့နှစ်ယောက်အတွက် ဘုရားပေးတဲ့ ဆုလဒ်လေးတခုလို့ပင်ပြောရမယ်..

ခုမှ သူတို့အိမ်တော်ကြီးဟာ ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေးတခုလိုပင်.. အရာရာဟာပျော်ရွှင်စရာအပြည့်တွေဖြင့်သာ..အရင်လိုအမုန်းတွေ အတ္တတွေ ဆိုတာထိုအိမ်တော်ကြီးမှာ မတွေ့ရတော့ ပျော်ရွှင်စရာ မိသားစုတခုလေးမှာ Jeon Tae လေးရဲ့ တခ်ခ်ရယ်သံ အူဝဲအူဝဲ ဆိုတဲ့ ငိုသံလေးတွေနဲ့သာ ထိုအိမ်တော်ကြီးမှ ကြားလို့နေသည်...

"အူဝဲ အူဝဲ အူဝဲ "

" ဟင် appa သားလေးက အစောကြီးနိုးလာတာပဲ အင်းး ဗိုက်ဆာလို့လား အော် အီးအီးတွေပါထားလို့ကို အင်းးပါ အီးအီးတွေပါလိုက်တော့ ဗိုက်ဆာပြီပေါ့ဟုတ်လား.. appa က appa သားလေးကို နို့တိုက်မှာပေါ့ ..မောင်ရေ အချစ်ကို တခုလောက် ကူညီပါအုံး"

အခန်းထဲကနေထွက်လာကာ ကမန်းကတန်းပြေးထွက်လာကာ အိမ်ပေါ်ထပ် လှေကားထိပ်ကနေ အောက်ထပ် ဧည့်ခန်းမှာထိုင်ကာ စာအုပ်ဖတ်လို့နေတဲ့ J ကိုလှမ်းပြောလိုက်ခြင်းဖြစ်သည်..

"ပြောလေ အချစ် "

" မောင့် သား နို့ဘူး တဘူးလောက် အချစ် ကို ဖျော်ပေးလို့ရမလား ဒီမှာ မောင့်သား အီးအီးတွေပါထားလို့ အချစ် အီးအီး​ဆေးပေးမလို့ ပြီးရင် နို့တိုက်ပြီး သားကိုပြန်သိပ်ရမယ် "

Daisy  (complete) Where stories live. Discover now