48🔞

7.6K 204 1
                                    

မဂ်လာညစာစားပွဲကိုလည်း Daisy ပန်းခင်းကြီးထဲမှာသာ ကျင်းပလို့ ညအချိန်နဲ့ လိုက်ဖတ်လှတဲ့ မီးအဝါလေးတွေနဲ့ အလှဆင်လို့ထားသည်..

ညစာစားပွဲမှာသာ အနဲငယ်ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရောက်လို့လာကြပြီး ပျော်ရွှင်စွာ ဂုဏ်ပြုပွဲလေးအနေနဲ့ကျင်းပရင်းပေါ့..

လာသမျှဧည့်သည်ကို ဧည့်ခံရင်း ဗိုက်အောင့်လာလို့ အိမ်ထဲကိုခဏဝင်လို့သွားတဲ့ Daisy..အခန်းထဲရှိ ဆေးပုလင်းတွေထားတဲ့နေရာနားသွားကာ ဗိုက်အောင့်ပျောက်ဆေးလို့ရေးထားတဲ့ ဆေးပုလင်းထဲက ဆေးလေးယူသောက်လို့ ပွဲထဲသို့ပြန်ရောက်လာကာ J နားကိုသွားလို့ J ရဲ့ လက်ကိုချိတ်ကာ ပြုံးပြလိုက်သည်..

" ဘယ်သွားတာလည်း Daisy "

" ငါ ဗိုက်နည်းနည်းအောင့်လို့ ဆေးသွားသောက်တာ J "

J ဟာ Daisy ရဲ့ ဗိုက်ကလေးပေါ် လက်ကလေးတင်ကာ ပွတ်ပေးပြီး..

" တော်တော်အောင့်နေလား Daisy သွားနားမလား ဧည့်သည်တွေလည်း ခဏနေပြန်တော့မှာ
ပါ "

" ရပါတယ် J ခဏနေသက်သာသွားမှာပါ "

ခဏလောက်အကြာမှာ Daisy ဟာ အနည်းငယ်ပူလို့လာသည်..Daisy ပန်းလေးတွေရဲ့ မွေးလ ဧပြီလဟာ spring ကာလဆိုပေမယ့် အရမ်းကြီးတော့ပူမနေ..

အခြားသူတွေကြည့်တော့လည်း ပူတဲ့အရိပ်အယောင်တောင်မမြင် ခုလိုတောအုပ်ကြီးရဲ့အနောက် ကွင်းပြင်ကျယ်ကြီးကလည်း ညအချိန်မှာလေတဖြူဖြူးဖြင့် ပူမနေ..

Tae pov..ငါဘာလို့အဲ့လောက်ပူနေရတာလည်း ဆေးကြောင့်လား ဖျားချင်လို့များလား မနေ့က ပင်ပန်းထားလို့လား .

တဖြေးဖြေးပူရာကနေ လွန်ကဲလာတဲ့အဆင့်မှာ.. အစားအသောက်စားပွဲပေါ့က မုန့်ကိုစားဖို့ယူလို့နေတဲ့ လက်တို့ကတုန်လို့လာပြီး ချွေးစီးတွေပြန်လာကာ သူခန္တာကိုယ်ပေါ်က အရာတခုက တဖြေးဖြေးထူးခြားလို့လာသည်..

...

တဖက်မှာလည်း J ဟာ ဧည့်သည်တွေနဲ့စကားပြောနေရင်း Daisy ရဲ့ အရိပ်အခြေကိုလှမ်းကြည့်နေတာ မှုသိပ်မမှန်တော့တဲ့ပုံပေါက်နေတာကြောင့် ဗိုက်အောင့်တာများ တော်တော်ဆိုးနေလို့လားဆိုပြီးစိုးရိမ်လို့နေသည်..

Daisy  (complete) Where stories live. Discover now