15

6.1K 352 9
                                    

ညနေကျောင်းဆင်းချိန်ရောက်တော့ အိမ်ပြန်ရန်လာကြိုတဲ့ ကားကိုရှာလို့နေတဲ့ Daisy..ပုံမှန်ဆို အရင်ရောက် နေကြ ဦးလေးကြီးက ဒီနေ့ရောက်မနေတာကြောင့် ဟိုကြည့်ဒီကြည့်ရှာရင်း ဖုန်းဝင်လာတာကြောင့် ဦးလေးကြီးများ ကားတခုခုဖြစ်လို့များဆက်သည်အထင်နဲ့ ဖုန်းကိုထုတ်ကိုင်လိုက်ပေမယ့် မြင်လိုက်ရတဲ့ name..

"hello j"

"Daisy မောင်လာကြိုမယ်စောင့်နေ"

"ဟုတ် ဟိုလေ J.."

တီတီတီ

Tae pov..ရပါတယ် Jလာမှာပဲ..

အချိန်အားဖြင့် တနာရီလောက်ကြာတဲ့ထိရောက်မလာတဲ့ J.. မိုးတွေသဲကြီးမဲကြီးရွာလို့နေကာ ကျောင်းရှေ့က မိုးခိုလို့ရတဲ့ လုံခြုံရေးကင်းတဲရဲ့ အပြင်ဘက် အမိုးအောက်မှာ ရပ်စောင့်လို့နေတဲ့ Daisy..

မိုးမချုပ်သေးပေမယ့် ရာသီဥုတုအခြေအနေကြောင့် မှောင်လာကာ ကျောင်းနားပက်ဝန်းကျင်ကာလည်း လူခြေတိတ်ဆိတ်လို့နေတာကြောင့် Daisy ဟာ ကြောက်လည်းကြောက်လာသည်..

...

"သူဌေး Jeon ဒီမှာပါ ဒီတပက်လွဲနေတဲ့စာရင်းတွေပါ"

"စာရင်းကိုသေချာမကိုင်နိုင်လောက်အောင် သူ့မှာ အဲ့အလုပ်အပြင်အခြားဘာတွေလုပ်နေရလို့လည်း ခုချက်ချင်းစာရင်း လုပ်တဲ့ မန်နေဂျာ ရော သူ့အောက်ကဝန်ထမ်းရော ငါ့အခန်းထဲ ခေါ်လိုက် "

" ဟုတ်ကဲ့ သူဌေး "

တပက်တာ စာရင်းလွဲမှားတဲ့ ကိစ္စကြောင့် ပြန်ခါနီးမှာ အလုပ်ရှုပ်နေတဲ့ Jeon.. သူချိန်းထားတာကို မမေ့ပေမယ့်သူမလာနိုင်တော့ဘူးဆိုတာသိတာကြောင့် ဖုန်းကိုကောက်ကိုင်လိုက်ကာ Daisy စီ message လှမ်းပို့လိုက်သည်..

* အိမ်ပြန်တော့ Daisy မောင် အလုပ်မှာ ကိစ္စလေးပေါ်လာလို့ အိမ်ရောက်မှ တွေ့မယ် *

....

ညနေ 6 နာရီလောက်မှာ အလုပ်ကပြန်ရောက်လာတဲ့ J အိမ်ထဲရောက်တော့ သူ့ကို ကြိုလို့မနေတဲ့ Daisy ကြောင့် ဒေါသက ချက်ချင်းထွက်သွားကာ အိမ်ထဲမှာ အော်ကာ Daisy ကိုခေါ်လိုက်တယ်

" Daisy! !!!"

သူအော်လိုက်ပေမယ့် တဖက်ကဖြေလာသူက အိမ်တော်ထိန်း

Daisy  (complete) Where stories live. Discover now