85

3K 178 35
                                    

ခွဲခန်းထဲ ခပ်မြန်မြန်လေးဝင်ရောက်လာတဲ့ Dr.Nanjoon..ခွဲစိတ်ကုတင်ပေါ် လှဲလျောင်းလို့ နာကျင်တာကိုအံ့ကြိတ်ကာ သီးခံနေတဲ့ Daisy..
Namjoon မှာ Taehyung ရဲ့လက်ကလေးကိုဆုတ်ကိုင်လိုက်ကာ

" Taehyung အားတင်းထားနော် Hyung အကောင်းဆုံးကြိုးစားပေးမယ် ပျော်ရွှင်စရာတွေပဲတွေးပြီးနေ"

Daisy မှာ မနည်းအားယူပြုံးကာ ခေါင်းလေးညိတ်ယုံမှညိတ်ပြလိုက်သည်..

" Taehyung Hyung တို့ စတော့မယ်နော် လက်ထောက်မင် ထုံဆေးပေးမယ် "

နာကျင်နေတဲ့ကြားက ခါးရိုးထုံဆေးပေးရန် ခန္တာကိုယ်ကိုပုဇွန်ထုပ်လေးသဖွယ်ကွေးလို့ထားရတဲ့ Daisy.. ဒါကပထမတခါလည်းထိုးဖူးခဲ့ပေမယ့်မတူ Jeon Tae လေးမွေးတုန်းက ကြိုမွေးတာကြောင့်နာကျင်မှုကိုမခံစားရ ခုကလေးလေးအလှည့်က နာကျင်မှုကိုပါခံစားရတာကြောင့် သားဦးမွေးသလိုပင်ခံစားရသည်..

တဖြေးဖြေးထုံကျင်လာတဲ့ အောက်ပိုင်း ထိလို့ထိမှန်းကိုမသိရတော့. နာကျင်မှုတွေအခက်အခဲတွေကြားထဲကနေတောင် ကလေးကိုသာစိတ်ပူနေတဲ့ Daisy..မျက်လုံးလေးမှိတ်ကာ ဘုရားကိုသာအာရုံပြုလို့ ဆုတောင်းနေမိတော့သည်..

" ဒေါက်တာ လူနာ သွေးပေါင်ချိန်တွေထိုးကျနေတယ် "

ထိုစကားအဆုံးမှာ ကမ္ဘာမြေကြီးနဲ့ အဆက်အသွယ်ပျက်လို့သွားတဲ့ Daisy..

" ဒေါက်တာ လူနာသတိလစ်သွားပြီ "

ခန္တာကိုယ်ကသတိလစ်သွားပေမယ့် နားကအကုန်ကြားနေသည်..ဆရာဝန်တွေ အလုပ်ရှုပ်ကုန်ကြပြီ.သူအသက်ရော ဗိုက်ထဲက ကလေးလေးအသက်ကိုရောပြိုင်တူကယ်နိုင်အောင်ကြိုးစားနေကြသည်..

အရင်ဆုံး ရေမွှာအစောကြီးပေါက်ထားတာကြောင့် ကလေးကိုအရင်ကယ်မှဖြစ်မယ်ဆိုတာကိုလည်းကြားသည်..သူစိတ်ထဲကလည်းပြောနေမိတာက ကလေးလေးကိုအရင်ကယ်တင်ဖို့ပါ..သူဗိုက်ထဲက ကလေးကိုဆွဲထုတ်သွားတာထိသူသည်သေးသည် သို့သော်ကလေးငိုသံကိုတော့သူမကြားရ..

တဖြေးဖြေး သူကတော့အခြားနေရာတခုကိုရောက်လို့သွားသလို ပန်းခင်းကြီးထဲ ခုံလေးမှာ Jရဲ့ပခုံးပေါ်ခေါင်းလေးမှီရင်း အရင်ကအကြောင်းတွေကိုပြန်ပြောနေကြတဲ့ပုံစံမျိုးလေးတွေ့နေရသည်..

Daisy  (complete) Where stories live. Discover now