78

2.6K 185 34
                                    

ဒီနေ့တော့ အနာလည်းသက်သာပြီ ဖြစ်တာကြောင့်ဆေးရုံကဆင်းဖို့ J တယောက်အထုပ်အပိုးတွေသိမ်းလို့နေသည်..

ဆေးရုံတက်ရတဲ့ နှစ်ပက်တာအတော အတွင်းမှာ ကုမ္မဏီအလုပ်မှန်သမျှလည်း ဆေးရုံမှာပဲလုပ်ကာ အိမ်လည်းမပြန်ဖြစ်တော့..

သားဖြစ်သူကိုလည်း Jimin နဲ့နေခိုင်းလိုက် Hobi နဲ့နေခိုင်းလိုက်နဲ့ ထား ထားရသည်..တော်သေးတယ် သားဖြစ်သူကလည်း အရွယ်လေးရောက်နေလို့ ငယ်သာငယ်ရင် J တယောက်နားရတယ်လို့ကိုရှိမှာမဟုတ်တော့ဘူး..

" J ငါ့နားခဏလောက် "

ဆေးရုံဆင်းခါနီးဆိုတော့ အဝတ်အစားလဲကာ ကုတင်ပေါ်ငြိမ်ငြိမ်အေးထိုင်စောင့်နေတဲ့ Daisy.သူ့ကသက်သာလို့ဝိုင်းသိမ်းပေးမယ်ဆိုတာတောင်လုံးဝလက်မခံတဲ့ J..သူရှေ့မှာတယောက်ထဲ အထုတ်အပိုးတွေသိမ်းနေရတဲ့ J ကိုသူနားလာဖို့လှမ်းခေါ်လိုက်သည်.

" အင်း လာပြီအချစ် "

J ဟာ သိမ်းလက်စအထုတ်တွေကိုချကာ Daisy နားရောက်လို့လာတော့ Daisy က J ရဲ့လက်ကလေးကနေဆွဲကာ ခါးကိုဖတ်လိုက်ကာ ရင်ဘက်နဲ့ သူ့ရဲ့ပါးလေးကပ်လို့ ..နှစ်ပတ်တာလုံး ကောင်းကောင်းတောင်မနားပဲ တချိန်လုံးသူ့ကိုဂရုတစိုက်ရှိခဲ့တဲ့ J..တချက်လေးတောင်ပင်ပန်းတယ်လို့တောင်မပြောတဲ့ J.

" ချစ်တယ် မောင် "

" မောင်လည်းချစ်တာပေါ့ Daisy ရယ် "

တယောက်မျက်နှာတယောက်ပြုံးလို့ကြည့်နေချိန်အခန်းတံခါးပွင့်လို့လာတော့ နှစ်ယောက်သားပြိုင်တူလှည့်ကြည့်မိသည်..

" Appa Daddy .."

Jeon Tae လေးက Jimin ကိုပူဆာက လမ်းကနေ appa ဖြစ်သူဆေးရုံဆင်းရတဲ့အနေနဲ့ Daisy ပန်းစီးလေးလက်ဆောင်ဝယ်လို့လာသည်..

" ဟော သားလေး "

" appa appa အတွက် appa ကြိုက်တဲ့ပန်းသားဝယ်လာတာ "

" ကျေးဇူးပါ appa သားလေး ပန်းလေးတွေက appa သားပေးလို့ထင်တယ် ပိုလှနေရော "

" မောင်ပေးတဲ့ပန်းစီးကမလှဘူးပေါ့ ဟုတ်လား "

Jimin ရှေ့တောင်မရှောင် နှုတ်ခမ်းလေးဆူကာပြောသွားတဲ့ J ကြောင့် Jimin မှာကြောင်ကြည့်နေမိသည်.သူနဲ့ရန်သက်နေတဲ့ Jungkook က ဒီလိုကလေးဆန်တာပါလားဆိုပြီး အံ့သြမဆုံး..Jimin ပုံစံကြည့်ပြီး Daisy မှာရှင်းပြရသေးတယ်..

Daisy  (complete) Where stories live. Discover now