72

2.7K 191 12
                                    

J နဲ့ Daisy ဟာ သားဖြစ်သူကျောင်းထဲ ဝင်သွားတဲ့ အထိ မျက်စိတဆုံးလိုက်ကြည့်ပြီးမှသာ ကားပေါ်တက်လို့ပြန်လာခဲ့ကြသည်..

"မောင်မပြောဘူးလား Daisy ရယ် သားက အဲ့လိုတွေသဘောကျမှာမဟုတ်ပါဘူးလို့ "

" ဟုတ်ပါတယ် မင်းနဲ့တူတာပါ "

" Daisy နဲ့တူအောင်နောက်တယောက်ယူရအောင်လေ သမီးလေးပဲဖြစ်ဖြစ် သားနောက်တယောက်ပဲဖြစ်ဖြစ်ပေါ့ "

" မောင်ကတကယ်လိုချင်တာလား "

" Daisy "

" မောင်လိုချင်ရင် ငါကယူဖို့အဆင့်သင့်ပါပဲ "

" ချစ်တယ် Daisy အရမ်းချစ်တယ် "

" ငါလည်းမောင့်ကို အရမ်းချစ်တယ် "

"မောင်ဒါနဲ့လေ အဲ့ကလေးလေးက ချစ်စရာလေးနော် တော့ရုံလူတွေနဲ့မပြုံးတက်တာ Jeon Tae လေးက Haruu လေးနဲ့ကျပြုံးလို့ "

" မောင့်လိုပဲပေါ့ Daisy တယောက်ထဲရှေ့မှာပဲ မောင်အပြုံးတွေကိုပြချင်တာ "

" အဲ့လောက်တောင်ချစ်တာလား မောင် "

" မေးစရာလိုမယ်မထင်ဘူးနော် "

" ဟုတ်ပါပြီ မောင်ရယ် သိတာပေါ့ မင်းအချစ်တွေငါ့မှမသိရင်ဘယ်သူသိမှာလည်း "

" Daisy "

" အင်းပြောလေ J "

" ပန်းဆိုင်မဖွင့်နဲ့ကွာ ဒီနေ့မောင်အလုပ်လိုက်ခဲ့ပါလား.တနေ့တနေ့ အလုပ်ထဲမှာ ဒီစာရင်းဇယားတွေပဲကြည့်နေရတာ မောင့်ကိုမသနားဘူးလားဟင် "

" အဲ့တော့ "

" ဟာ မေးပုံကြီးကလည်း ကဗျာမဆန်လိုက်တာ "

" မောင် ဘာဖြစ်နေတာလည်း ပြော ငါ့ ကိုဘာလုပ်ပေးစေချင်နေတာလည်း "

သူ့ဘက်ကိုမပါပါအောင်ပြောနေတဲ့ J ဘက်ကိုလှည့်ကာမေးလေးထောက်လို့ မေးလိုက်တော့ ကားမောင်းနေတဲ့ J မျက်နှာက ပြုံးစိစိ..

" မောင် အလုပ်ကို တရက်လောက်လေးပဲဖြစ်ဖြစ်လိုက်ခဲ့ပါလားဟင် မောင့် အချစ်အနားမှာရှိတော့ "

" ရပြီ သိပ်မချွဲနဲ့လိုက်ခဲ့မယ် မောင်းတော့ "

" အဲ့တာကြောင့် သိပ်ချစ်နေရတာ"

Daisy  (complete) Where stories live. Discover now