9

8.7K 426 3
                                    

Daisy ဟာ ခုဆိုရင် တရက်ကျော်လောက်ရှိပြီ သတိမေ့နေခဲ့တာ..ဒီကြားတွေ အဖျားတွေတက်ကာ နေမကောင်းလည်းဖြစ်ခဲ့သေးသည်..အဲ့ဒီနေ့က J နဲ့ဆက်ဆံခဲ့တာ အချိန်ကြာသွားတာကြောင့် Daisy ဟာ လုံးဝမခံနိုင်တော့ပဲ သတိလစ်သွားခဲ့ရသည်..

Daisy သတိလစ်နေတဲ့ အချိန်တွေမှာ J ဟာ ဘယ်ဆရာဝန်မှကိုမခေါ်ပဲ သူကိုယ်တိုင်သာ ပြုစုပေးသည်..ဒါဟာ J ရဲ့ အတ္တပါတဲ့ သဝန်တိုမှုတခုပေါ့..Daisy ရတဲ့ ဒဏ်ရာကအစ သူကိုယ်တိုင် သေချာဆေးပြန်ကုပေးသည်..J ဟာစာပေဖတ်တဲ့သူတယောက်ဖြစ်တာကြောင့် သူအကုန်နားလည်တယ်လေ.

တရက်ကျော်လောက်မှာ သတိပြန်ရလာတဲ့ Daisy က J ကိုမြင်တော့ ချက်ချင်း တဖက်ကို
လှည့်ကာ မျက်နှာလွဲလိုက်သည်.ဒါကိုသိတဲ့ J က Daisy ဘေးနားသွားထိုင်လိုက်ကာ မျက်နှာကို ဆွဲညစ်လို့ သူဘက်ဆွဲလှည့်လိုက်ပြီး

" မင်းမှာ ငါ့ကိုစိတ်ဆိုးပိုင်ခွင့်တဆက်ကလေးမှ မရှိဘူး Daisy မင်းကို ငါက မင်းအဖေစီက ဝယ်ထားခဲ့တာ အဲ့တာကြောင့် မင်းက ငါ့အပိုင်ပဲ. မင်းအတွေးထဲ ငါ့အနားက ထွက်ပြေးဖို့စဥ်းစားနေမှာပေါ့
* မင်း ငါ့အနားက ထွက်ပြေးတာနဲ့ ကမ္ဘာမြေကြီးတခုလုံးကို မြေလှန်ပြီးတော့ကို မတွေ့တွေ့အောင်ရှာမှာ အဲ့တာ မင်းမြဲမြဲမှတ်ထား * Daisy "

ဆွဲညစ်ထားတဲ့ ပါးကို လွှတ်ပေးပြီး အနားကထသွားတဲ့ J.. တိတ်တိတ်လေး တဖက်ကိုလှည့်ကာ ခိုးလို့ငိုနေတဲ့ Dasiy.. ခုချိန်သူတွေးနေတာက အဖေစီကနေ ကျောင်းတက်ဖို့မပူဆာခဲ့မိရင်ပေါ့..

အစားသောက်ပန်းကန်နဲ့အနားကိုရောက်လာပြန်တဲ့ J. ကုတင်ဘေးက စားပွဲပေါ်ချလိုက်ကာ Daisy ကို ဆွဲထူကာ ထိုင်စေလိုက်တယ်.. နာကျင်မှုက သိသိသာသာ သက်သာနေတာကြောင့် Daisy ဟာ နဲနဲတော့စဥ်းစားမိနေသေးတယ်..

" ဘာမှစဥ်းစားမနေနဲ့ သက်သာနေပြီမဟုတ်လား မောင်က ဒီရက်ထဲသေချာ ဂရုစိုက်ထားလို့လေ "

ခုလိုကျပြန်တော့လည်း ပါးပြင်က ပါးချိုင့်လေးပေါ်အောင်ပြုံးကာပြောလို့နေပြန်တဲ့ J.. အသုံးအနှုန်းက အစ နုနုညံ့ညံ့လေး.. Daisy ဟာ J ကိုနားမလည်နိုင်သောအကြည့်နဲ့သာကြည့်နေမိတယ်..

Daisy  (complete) Where stories live. Discover now