10

6.9K 421 15
                                    

မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင်နဲ့နိုးထလာတဲ့ Daisy.. အရင်ရက်တွေက နာကျင်မှုကြောင့် အိပ်ယာပေါ်ကနေကိုမထချင်လောက်အောင်ဖြစ်ခဲ့ပေမယ့် ဒီနေ့တော့အတော်လေးကို လန်းဆန်းနေပြီ..

ခုဆို J ရဲ့ တချက်လွတ်အမိန့်ကြောင့် Daisy ဟာ ကျောင်းမတက်ရတဲ့နေ့တွေ အိမ်ထဲမှာသာ အချိန်ကုန်လေ့ရှိသည်..

နာရီကိုကြည့်လိုက်တော့ ဒီအချိန်ဆို J အလုပ်မသွားသေးဘူးဆိုတာသိတာကြောင့် အခန်းထဲကနေထွက်လာကာ J ရှိရာ အပေါ်ထပ်ကိုတက်လို့လာခဲ့သည်..

အခန်းဝအရောက် တံခါးလေးခေါက်လိုက်တော့ အထဲကနေ အသံပြုလာတာကြောင့် အခန်းထဲသို့ဝင်လာလိုက်တဲ့ Daisy

ဒေါက်ဒေါက်

"ဝင်ခဲ့"

အခန်းထဲရောက်တော့ အောက်ပိုင်းကိုသာ သဘက်တထည်နဲ့သာပတ်ထားတဲ့ J.ရေချိုးပြီးကာစမို့ ရေစိုနေသေးတဲ့ အပေါ်ပိုင်းခန္တာကိုယ်..ခက်ထန်လှတဲ့ မျက်နှာထားနဲ့လိုက်အောင် ယောကျားတယောက်မှာရှိသင့်ရှိထိုက်တဲ့ ခန္တာကိုယ်အချိုးအစားရှိ​နေတာ ကြောင့် J ဟာ ခုချိန်မှာအတော်လေးကိုကြည့်လို့ကောင်းနေသည်..

J ကိုမြင်တော့ Daisy ဟာ အခန်းဝနားမှာတင်ရပ်နေတာကြောင့် J ဟာ Daisy ကိုလှမ်းကြည့်ပြီး

" ဘာလုပ်ဖို့လာတာလည်း "

" ဟို ငါ J ကို အကျီထုတ်ပေးလို့ရမလား "

" လာခဲ့ "

" ဟုတ်"

J ရဲ့ ခွင့်ပြုချက်ရတော့ Daisy ဟာ အဝတ်ဗီဒိုနားသွားကာ J အတွက် အဝတ်အစားရွေးနေတုန်း အနောက်ကနေ J ရဲ့ သိုင်းဖတ်လိုက်တာကိုခံလိုက်ရပြီး ပခုံးပေါ်မေးလေးတင်ကာ

" ဒီလိုလုပ်ပေးစေချင်ခဲ့တာ မောင် က အမိန့်နဲ့ ငါ့ကိုလုပ်ပေးလို့ပြောလို့ရပေမယ့် မောင် က Daisy စိတ်ထဲကလုပ်ပေးလာတာကို လိုချင်တာ"

" ဒါဆို ငါ အမြဲလုပ်ပေးလို့ရတယ်လို့ပြောတာလား "

" အင်း ဟုတ်တယ် တသက်လုံး "

J ရဲ့စကားအဆုံးမှာ ခေါင်းလေးညိတ်ပြလိုက်တဲ့ Daisy.. အဝတ်ဗီဒိုထဲက အဝတ်အစားထုတ်ကာ J ကိုပေးတော့ အဝတ်အစားကိုမယူပဲ ကြည့်နေတာ
ကြောင့် Daisy ဟာ အဝတ်အစားကိုကြည့်လိုက် J ကိုကြည့်လိုက်နဲ့ဖြစ်ကာ သူထုတ်ပေးတာကို သဘောမကျလို့များလားဆိုပြီး မေးလိုက်တော့တယ်

Daisy  (complete) Where stories live. Discover now