34

4.1K 286 13
                                    

"J!!!!"

"အကို အကို ဘာဖြစ်တာလည်း "

"ငါ အိမ်မက်မက်နေတာပဲ "

"J ကဘယ်သူလည်း "

ဆိုင်ဝန်ထမ်းကောင်လေးမေးလိုက်ချိန်မှာ ခေါင်းထဲပြန်ပေါ်လာတဲ့ အိမ်မက်ထဲက အကြောင်းအရာများစွာ..

"oliva "

"အင်း "

"အိမ်မက်ထဲမှာ တယောက်ယောက် သေသွားတယ်လို့ အိမ်မက်မက်ရင် အပြင်မှာဘာဖြစ်တက်လည်း "

" ကျွန်တော် အဖွားပြောဘူးတာတော့ အိမ်မက်ထဲမှာသေတာတွေဘာတွေမက်ရင် အပြင်မှာကျန်းမာတယ်လို့ပြောတာပဲ.. ကျွန်တော်ကတော့ အဲ့လိုမထင်ဘူး ကြိုတင်မကောင်းတာဖြစ်လာတော့မယ်လို့ နိမိတ်ပြတယ်လို့ပဲထင်တယ် ဘာဖြစ်လို့လည်း အကို "

" ငါဒီနေ့ကိုပဲ အိမ်မက် မက်တာနှစ်ခါရှိပြီ "

" ကောင်းတာလားမကောင်းတာလား "

" တခုကကောင်းပြီး တခုက မကောင်းဘူး oliva "

" ဒါဆို ကောင်းတာတော့ဖြစ်မယ် ဒါပေမယ့်ဆိုးတာလည်းရှိနေမယ့်ဆိုတဲ့ နိမိတ်များလား "

" အင်းကျေးဇူးပါ Oliva ငါဆေးရုံံသွားလိုက်အုံးမယ်"

"ဟုတ်ကဲ့ အကို "

နေ့ခင်းဘက်မှာ ညက အတွေးတွေများကာ အိပ်ရေးပျက်ခဲ့တာကြောင့် စားပွဲပေါ်ခဏလောက်မှောက်အိပ်လိုက်ချိန်မှာ မက်လာတဲ့ အိပ်မက်ကြောင့် လူကအလန့်တကြားနိုးထလာရသည်..

ထိုအိမ်မက်ကြောင့်ပဲ စိတ်ထဲမကြည်တာနဲ့ စိတ်ပြေလက်ပျောက်အနေနဲ့ စက်ဘီးလေးစီးကာ လေကောင်းလေသန့်ရှုရန်ထွက်လာခဲ့လိုက်တဲ့ Tae....

နားကျပ်လေးကို တပ်ကာ သီချင်းလေးနားထောင်လို့ စက်ဘီးလေးနင်းလာတဲ့ Tae..မျက်နှာချင်းဆိုင်မှာ မောင်းလို့လာတဲ့ အဖြူရောင်ကားလေးတစီး...

ကားပေါ်က ကောင်လေးက သူနဲ့ဆန့်ကျင်ဘက်ကို မျက်နှာမှုလို့ မှန်တံခါးကိုဖွင့်ကာ မျက်လုံးလေးမှိတ်လို့ လေကောင်းလေသန့်ရှုလို့နေသည်...

စက်ဘီးလေးနဲ့ ကားဟာ ဘေးခြင်းယှဥ်ကာ ဖြတ်မောင်းလို့သွားခဲ့သည်....ကားလေးဟာလည်း သူ့ဦးတည်ရာစီသို့.. စက်ဘီးပေါ်က ကောင်လေးဟာလည်း သူ့ဦးတည်ရာ အသီးသီးသို့..

Daisy  (complete) Where stories live. Discover now