" ခဏလောက်ပါ ခဏလောက် "
J ဟာ ကုမ္ပဏီ မှာအရေးပေါ်ကိစ္စကြောင့် Daisy နားမှာမနေပေးနိုင်တာကြောင့် Daisy ဟာ ဆေးရုံမှာတယောက်ထဲ ဖြစ်လို့နေတုန်း မနေ့က ဦးလေးဝူ ကို တွေ့ခဲ့တဲ့အဆောင်ဘက်ကိုထွက်လာခဲ့သည်..
ဟိုရှာဒီရှာလုပ်နေတုန်း သူ့ဘေးနားကဖြတ် သွားတဲ့ လူကြီးနောက်ကိုပြေးလိုက်ကာ ခေါ်လိုက်တဲ့ Taehyung..
" ဦးလေး ဝူ ဟုတ်တယ် မဟုတ်လား "
" ဘယ်သူလည်း လူငယ်လေးက "
" ကျွန်တော်လေ မြင်းစောင်းက Kim Yoenjun ရဲ့သားလေ Kim Tae လေ ဦးလေးဝူ မှတ်မိလား"
" ဟေ Kim Tae ဒီအရွယ်တောင်ရောက်နေပြီပဲ "
" ဟုတ် ဦးလေးဝူ အဖေ အဖေ ဘယ်ကိုထွက်သွားတာလည်းသိလား "
" ဘာ မင်းမသိဘူးလား မင်းအဖေက ဆုံးသွားတာကို "
" ဗျ ဗျာ အ အဖေ က ဆုံး ဆုံးသွားပြီ ဟုတ် ဟုတ်လား ဦးလေးဝူ "
Taehyung မှာ တဖက်က ဦးလေးဝူရဲ့စကားကြောင့် ပါးပြင်မှာမျက်ရည်တို့စီးကျလာကာ စကားတို့ပင် အထစ်ထစ်အငေါ့ငေါ့ နဲ့ ပြန်ပြီးမေးလို့နေသည်..
" မင်းဟာလေ သူဌေးအိမ်ရောက်သွားထဲက အဖေစီပြန်တောင်မလာဘူးနော် မင်းအဖေက မင်းလာမယ့်နေ့ကိုနေ့တိုင်းမျှော်နေခဲ့တာ နောက်ဆုံးလွမ်းတဲ့စိတ်ကိုအရက်နဲ့ ဖြေရင်း လွမ်းဖျားလွမ်းနာကျပြီးသေသွားတာ မင်းမသိဘူးလား သခင်လေး ကတော့ လာတိုင်းပြောတယ် မင်းကသူ့စီပြန်မလာချင်တော့ဘူးလို့ပြောတယ်တဲ့ ခေါ်လို့လုံးဝမရဘူးတဲ့ "
" ဘယ်သူက ဘယ်သူကပြောတာလည်း သခင်လေး ဟုတ်လား "
" အင်းလေ သခင်းကြီးရဲ့ တဦးတည်းသောသား Jeon သခင်လေးက ခဏခဏလာပြီး မြင်းစီးလေ့ကျင့်တယ်လေ မင်းကသာလိုက်မလာတာ"
" ဟင် ကျွန်တော် ဘာမှမသိခဲ့ရပါလား "
" ဦးလေး သွားတော့မယ် ကိစ္စလေးရှိလို့ "
ဦးလေးကြီးထွက်သွားပြီးတော့ Taehyung ဟာ
ေလျှာက်လမ်းမမှာတင် ဆောင့်ကြောင့်ထိုင်ချကာ ရင်ဘက်လေးကို ဆုတ်ကိုင်ရင်း ရင်နာလို့မဆုံးဖြစ်ကာ ရင်ကွဲလူမတက်ခံစားရင်း ငိုလို့နေတယ်..