တညလုံးပင်ပန်းထားပေမယ့်လည်း မနက်စောစော ထတက်တဲ့ အကျင့်ကပြင်လို့မရတာကြောင့် J မနိုးခင်အစောကြီးနိုးလာတဲ့ Daisy..
သူ့ကို ဖတ်ကာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်လို့နေတဲ့ J ရဲ့လက်ကိုဖြေးဖြေးခြင်းဖယ်ကာ နဖူးလေးကို အနမ်းပေးလို့ အောက်ထပ်က သူအခန်းကို ဆင်းလာခဲ့လိုက်သည်..
စောစောစီးစီးရေမိုးချိုးကာ အတွင်းခံကို အရင်ဝတ်ပြီး Shirt အကျီကို ဝတ်ကာ အလယ် ကြယ်သီး နှစ်လုံးပဲတက်ရသေးချိန် အပြင်က J ရဲ့အော်ခေါ်သံ ကြောင့် Daisy ဟာ ကြယ်သီးတက်တန်းလန်းပြေးထွက်လာခဲ့သည်..
"Daisy Daisy! !!!!"
အခန်းအပြင်ရောက်တော့ လှေကားပေါ်ကနေအော်ခေါ်ကာ ပြေးဆင်းလာတဲ့ J အိမ်ယာကနေ နိုးနိုးခြင်းပြေးဆင်းလာပုံ အိပ်နေရင်းဘောင်းဘီအတိုနဲ့ အပေါ်အကျီမပါ..သူ့ကိုလည်းပြေးဖတ်လို့လာတဲ့ J.
" Daisy "
"J ဘာဖြစ်လို့လည်း ဘာဖြစ်လာတာလည်း ငါ့ကိုပြောအုံး"
J ဟာ Daisy မေးတာကို ဘာမှပြန်မပြောပဲ တင်းကြပ်နေအောင်သာ ဖတ်လို့ထားသည်..Daisy ဟာ J ကို ပြန်ဖတ်ပေးထားလိုက်ပြီး ကျောပြင်လေးကို ပွတ်ပေးနေသည်.. ခဏအကြာမှ J ဟာ Daisy မျက်နှာလေးကို ကြည့်ပြီး..
" မောင် အိမ်မက်မက်နေတာ Daisy.. Daisy က
မောင့် ကို ထားခဲ့တယ်ဆိုပြီး အိမ်မက်မက်လို့ မောင့်ကို မထားခဲ့ပါနဲ့တော့နော် Daisy.. မောင် တောင်းပန်ပါတယ်.. မောင် Daisy မရှိလို့ လုံးဝမဖြစ်ဘူး.. မထားခဲ့ပါနဲ့နော် "Daisy ဟာ ကလေးလေးတယောက်လို့ ငိုမဲ့မဲ့လေးပြောနေတဲ့ လူဆိုးပုံနဲ့ ကလေးလေးဖြစ်နေတဲ့ J ရဲ့ မျက်နှာလေးကို လက်ဝါးလေးဖြင့် နူးနူးညံညံလေး အုပ်ကိုင်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်..
" ငါက ခုချိန်က စပြီး မင်း ဘယ်လောက်ဆိုးဆိုး ဘယ်တော့မှ ထားမသွားတော့ဘူး ဟုတ်ပြီလား J "
"တကယ်နော် Daisy.. "
"အင်း "
J ဟာ Daisy ရဲ့ shirt အကျီ တောင် အပြည့်အဝ ကြယ်သီးမတက်ရသေးကာ ဘောင်းဘီတောင် မဝတ်ရသေးတဲ့ ပုံစံလေးကို ခြေစွန်းခေါင်းစွန်းကြည့်ပြီး...