62

3.8K 246 14
                                    

ချွင်းချွင်းချွင်း..

အသံမြည်တဲ့ ကလေးအရုပ်လေးလုပ်ပြကာ သားဖြစ်သူနဲ့ဆော့နေတဲ့ J..အိမ်ရှေ့ဧည့်ခန်းမှာ လေးဘက်သွားကာ နေရာအနှံ့ ဟိုဆွဲဒီဆွဲလုပ်တက်လာတဲ့ Jeon Tae လေး..အရင်လို အလှပန်းအိုးလေးတွေနေရာမှာ Jeon Tae ရဲ့ အရုပ်တွေသာ နေရာယူလို့နေသည်..

စားပွဲခုံကိုအားပြုကာ ထဖို့ပြင်နေတဲ့ Jeon Tae..တနှစ်ပြည့်ခါနီးပြီ ဖြစ်တာကြောင့် လမ်းလည်းလျှောက်ချင်သလို အမှီအကိုင်ပြုပြီးလည်း မက်တပ်ရပ်နိုင်နေပြီဖြစ်တာကြောင့် စားပွဲခုံတွေကိုအားပြုပြီးထကာ စားပွဲပေါ်က ပစ္စည်းတွေကိုယူပြီးပစ်ချ တက်လာပြီ .

အမြဲတစေ Daisy နဲ့သာအနေများတာကြောင့် အရွယ်ရောက်လာတာနဲ့တမျိုးပြီးတမျိုးပြောင်းလဲလာတဲ့ Jeon Tae ရဲ့ အမှုအကျင့်လေးတွေကို J ကသိပ်မသိ..

ခုလည်း Jeon Tae လေးက ခုံကိုကိုင်ကာ ထဖို့အားပြုနေချိန် J မှာ အလန့်တကြားသူသားပြုတ်ကျမှာဆိုးတာကြောင့် ကမန်းကတန်းထလိုက်တာ
ကြောင့် စားပွဲခုံံနဲ့ ဒူးနဲ့တိုက်သွားပေမယ့် မနာအားသေး သားကိုကမန်းကတန်းလှမ်းကိုင်ထားလိုက်တော့ သားဖြစ်သူက Daddy ​ဖြစ်သူ ဒူးခေါင်းဆောင့်မိတာကို သဘောကျကာရီလို့နေသည်..

"ခ်ခ်ခ် "

" ဟာ သားသား Daddy ကတော့ Daddy သားလေးပြုတ်ကျမှာဆိုးရိမ်ပြီးထလာတာလေကွာ သားက Daddy ဖြစ်တာကိုရီတယ်ပေါ့ "

သားဖြစ်သူကို မချီလိုက်ကာ လေပေါ်မြှောက်ပြီး ဆော့ပေးနေတော့ သဘောတွေကျနေတဲ့ Jeon Tae.. သားဖနှစ်ယောက် ဆော့ကာရယ်မောနေကျတာကို အနောက်ခန်းကနေ လှမ်းကြည့်ကာပြုံးနေတဲ့ Daisy..

.....

သားဖြစ်သူကို သိပ်ခဲ့ကာ အနောက်မှာအလုပ်ရှုပ်လို့နေတဲ့ Daisy နားလာလို့ ပလီပလာ တီတီတာတာ စကားတွေလာပြောနေတဲ့ J..

Daisy နားကပ်ချင်ပြီဆို တချိန်လုံးသားဖြစ်သူနဲ့မမောတန်းဆော့နေရာကနေ ချက်ချင်းရပ်ကာ သားကိုရအောင်သိပ်ပြီးတာနဲ့ အနားကပ်လို့လာပြီလေ..

ခုလည်း ကလေးကဆော့ရလွန်းလို့မောကာအိပ်ပျော်သွားတော့ Daisy နားအပြေးလေးရောက်လာတဲ့ J..

Daisy  (complete) Where stories live. Discover now