45🔞

7.3K 223 17
                                    

ရှင်တို့စိတ်ကိုအဆင်သင့်ပြင်ထားဆိုတာ ဒီအပိုင်းကိုပြောတာပါ ☺....

Daisy ဟာ မနက်စောစော သူရဲ့ပုံမှန်ဝတ်နေကြပုံ shirt နဲ့ stylepan လေးကို ကျကျဏဏလေးဝတ်ကာ J အတွက် မနက်စာပြင်ဆင်ရင်း J ဆင်းလာတာကိုစောင့်လို့နေသည်..

စားပွဲခုံပေါ်အစားစာများကို ပြင်ဆင်နေချိန် အမြဲအလိုလိုရောက်လာတိုင်း အနောက်ကနေသိုင်းဖတ်ကာ အနောက်ကနေ ပါးပြင်လေးကို အနမ်းပေးတက်တဲ့ J..ခုလည်းအနောက်ကနေ သိုင်းဖတ်က ပါးပြင်လေးကို အနမ်းပေးလို့လာသည်..

" Morning မောင့် အချစ် "

" Morning J ထိုင် မနက်စာစားရအောင် "

နှစ်ယောက်သား မနက်စာလေးကို တယောက်မျက်နှာတယောက်ကြည့်လို့ စားဖြစ်ကြသည်..
အလုပ်သွားခါနီးမှ နက်ကတိုင််လေးကိုသေချာစီးပေးလို့ နှုတ်ခမ်းလေးကို အနမ်းဖွဖွပေးရတာက Daisy ..ပေးလာတဲ့ အနမ်းကို မလွှတ်ပေးချင်တာက J..

" Daisy အဆင်ပြေရဲ့လားတယောက်သွားရမှာ ဦးလေးကြီးကလည်း ဒီနေ့မှ မလာဘူး မောင် လိုက်ပို့ရမလား ဒါမှမဟုတ် Hobi hyung ကို ပို့ခိုင်းရမလား "

" ရပါတယ် J ရယ် Taxi စီးပြီး သွားလိုက်မယ် ရတယ် စိတ်မပူနဲ့နော် "

" ဒါဆို ပြွတ် နေ့လည်တွေ့မယ်နော် မောင့် အချစ်"

" အင်း ချစ်တယ် J "

နှစ်ယောက်သား နှုတ်ဆက်စကားပြောလို့ J က အရင်ထွက်လို့သွားကာ Daisy ကတော့ အညို​ရောင်လည်သာအိတ်လေးကို လွယ်လို့ အိမ်ရှေ့ကနေသာ Taxi ငှားကာ ပန်းဆိုင်လေးတဆိုင်စီအရင်ထွက်လာခဲ့သည်..ပန်းဆိုင်လေးကနေ Daisy ပန်းစီးလေးဝယ်ကာ သူ့အဖေရော အမေရှိရာစီထွက်လာခဲ့လိုက်သည်..

J က Daisy ကို ဘာတခုမှ ဖွင့်မပြောပြပေမယ့် Daisy ရဲ့ အဖေဖြစ်သူရဲ့ ရုပ်အလောင်းကို Daisy အမေ ဖြစ်သူရဲ့ အုတ်ဂူလေးဘေးမှာသာတူတူမြုပ်နှံပေးခဲ့သည်..ဒါကြောင့်လည်း အဖြူရောင်အုတ်ဂူလေးနှစ်ခုရဲ့ရှေ့ ပန်းစီးလေးကိုချလို့ အရင်ဆုံးဂါဝရပြုလို့နေတဲ့ Daisy..

" appa omma သားရောက်လာတယ် ခုမှ ခုမှ ရောက်လာခဲ့လို့ တောင်းပန်ပါတယ် appa ဟင့် သားတောင်းပန်ပါတယ် သား ဘာမှမိခဲ့ရဘူး appa အရမ်းလွမ်းနေခဲ့မှာပေါ့ သားကို ဟင့် သားတောင်းပန်ပါတယ် သားကြောင့် သားကြောင့်
ဟင့် ဟင့် appa... "

Daisy  (complete) Where stories live. Discover now