87

2.6K 184 26
                                    

ခွဲစိတ်ခန်းထဲ အရေးပေါ်​အခြေအနေနဲ့ရင်ဆိုင်နေရသည်..ခက်ခက်ခဲခဲ ယူထားရတဲ့ကလေးဖြစ်တာကြောင့် ကလေးကိုလည်းအဆုံးအရှုံးမခံနိုင်သလို လူကြီးရဲ့အသက်ကလည်း အရေးကြီးနေသည်..

သူနာပြု ကင်" လူနာ သတိထားပါအုံး လူနာ လူနာ "

သူနာပြုဆရာမလေးဟာ Taehyung ရဲ့ပါးပြင်ကို လှုပ်လို့သတိရလို့ရညားနိုးလို့နေသည်..

သူနာပြု လီ" ဒေါက်တာ သွေးပေါင်ချိန်တွေမတရားထိုးကျနေပြီ"

လက်ထောက် " မွေးဖွားချိန် နေ့လည် 1:00 နာရီ.. ကလေးကိုယ်အလေးအချိန်က 3 ပေါင်နဲ့ 7 အောင်ဆဒေါက်တာ"

NJ " သူနာပြုမင် ကလေးကို အောက်စီဂျင်ပိုက်တက် ကလေးဆောင်ကိုခုချက်ချင်းခေါ်သွားတော့ အောက်စီဂျင်လုံးဝမလွှတ်စေနဲ့"

ပေါင်မပြည့်တဲ့ ကလေးငယ်လေးကို ဖန်ပေါင်း ချောင်ထဲ ထည့်ကာ နှာခေါင်းမှာလည်း အောက်ဆီဂျင်ပိုက်မလွှတ်တန်းတက်လို့ထားသည်..

...

ခွဲခန်းရှေ့ ထိုင်မရထမရဖြစ်နေတဲ့ J.. သားကြီးလေးမွေးတုန်းက အဲ့လောက်အချိန်မကြာခဲ့တာကြောင့် သူမှာထိုင်မရထမရဖြစ်နေသည်..
NamJoon ပြောသလို စိုးရိမ်ရတယ်ဆိုတာကြောင့် သူမှာလည်းအတွေးပေါင်းစုံဖြင့် ထိုအတွေးတွေကပဲဒုက္ခပေးလို့နေသည်.

ခွဲခန်းတံခါးပွင့်လာချိန်မှာ တံခါးနားအပြေးသွားကာ သူ့အကိုများထွက်လာလေမလားဆိုတဲ့ စိတ်နဲ့ပေါ့ တကယ်ထဲထွက်လာတာက ဖန်ပေါင်း ချောင်လေးထဲ အောက်စီဂျင်ပိတ်တန်းလန်းနဲ့ နီတာရဲကလေးလေး.သူ့ရဲ့သမီးလေးဆိုတာသိနေတာကြောင့် သူနာပြုကို ကြည့်ကာ.

" ဆရာမ ကလေးကဘာလိုဖြစ်လို့ "

" ကလေးက လမစေ့ပဲမွေးလို့ ပေါင်မပြည့်ဘူးလူနာရှင် ကျွန်မအများကြီးမရှင်းပြနိုင်သေးဘူး ကလေးကအရေးပေါ်အခြေအနေမို့လို့ သွားခွင့်ပြုပါအုံး "

" ခဏလေးပါ ဆရာမ လူကြီးရော လူကြီးရော "

" လူနာက ခုထိသတိပြန်မရသေးဘူး သွားခွင့်ပြုပါအုံး "

J တယောက် နံရံကိုမှီကာ ထိုင်ချလိုက်မိသည်.

J pov.. မဖြစ်ဘူးနော် Daisy.. မဖြစ်ဘူးနော် မောင့်ကိုတယောက်ထဲ ထားခဲ့လို့မဖြစ်ဘူးနော် ငါဘာတွေတွေးနေမိပါလိမ့် Daisy က ငါ့ကိုထားခဲ့စရာလား ..

Daisy  (complete) Where stories live. Discover now