16🔞

11.6K 331 10
                                    

နှစ်ယောက်သားတူတူ ကမ်းခြေဖက်ကို ခရီးနှင်လာခဲ့ကြသည်..ကမ်းခြေအနီးနား တောင်ပက်လမ်းအရောက် အမိုးပွင့်ပြိုင်ကားလေးရဲ့ အမိုးကိုဖွင့်လိုက်ချိန်မှာ တိုက်ခက်လာတဲ့ လေညှင်းလေးတွေက ပင်လယ်အနံ့ကိုသယ်ဆောင်လို့သည်..

လက်ကို ဆန်.ထုတ်ကာ ပင်လယ်ပြင်ဖက် မျက်နှာမှုလို့ လေကိုတဝကြီးရှုလို့နေတဲ့ Daisy..
အရှိန်နဲ့ သွားနေတဲ့ ကား လေလေးတွေတိုက်ခိုက်နေတာကြောင့် နဂိုပွယောင်းယောင်းဆံပင်လေးတွေက လေထဲမှာလွင့်လို့..

ကမ်းခြေတနေရာမှာကားကို ရပ်လိုက်သည်နှင့် ကားပေါ်က ပြေးဆင်းသွားတဲ့ Daisy.. ဝမ်းသာအားရရေထဲပြေးဆင်းသွားလိုက်တာ J မှာတားချိန်တောင်မရှိခဲ့..

....

Daisy နဲ့တူတူ ခရီးတခုတူတူထွက်ချင်ခဲ့တာအရင်ထဲက J ရဲ့ ဆန္ဒတခု..အသက်အရွယ်ရောက်
လာရင် နှစ်ယောက်ထဲတူတူသွားမယ်လို့စဥ်းစားထားခဲ့ပေမယ့် ကြုံလာတဲ့ ဝမ်းနည်းစရာ အပြောင်းအလဲတွေကြောင့် J ဟာ အလုပ်နဲ့အိမ် သာဖြစ်နေပြီး Daisy ဟာလည်း J ရဲ့ သဝန်တိုမှုတွေကြောင့် ကျောင်းနဲ့ အိမ် သာ..

ဒီတနေ့တော့ အလုပ်တွေအကုန်ပြစ်ချထားခဲ့ကာ သူသိပ်ချစ်ရတဲ့ Daisy ပျော်ရွှင်ဖို့အတွက် မနက်အလုပ်ရောက်ပြီး မကြာဘူး အလုပ်တွေအားလုံးကို မန်နေဂျာHobi နဲ့ ထားခဲ့လိုက်ပြီး ကျောင်းတက်နေတဲ့ Daisy ကို ဖုန်းဆက်ကာ ​ချက်ချင်းလက်ကိုဆွဲလို့ ထွက်လာခဲ့ကြသည်..

...

ဖြုန်းစိုင်းထွက်လာကြတာကြောင့် အဝတ်အစားအပိုပါမလာတာကို သတိပေးဖို့အချိန်မမှီတော့ Daisy ရဲ့ ဘောင်းဘီအောက်ဖျားတွေက စိုလို့နေပြီ.. ရေထဲပြေးလွှားနေတဲ့ Daisy နားကိုလိုက်လို့သွားသည် J..

" Daisy အဝတ်အစားအပိုမပါတာရော သတိရရဲ့လား "

"J လာခဲ့တူတူဆော့ရအောင် "

" မောင်က video နဲ့ မှတ်တမ်းတင်ထားမယ် "

J ပြောလိုက်တော့မှ သတိရသွားတဲ့ Daisy သူ့ကိုသူငုံ့ကြည့်လိုက်တဲ့ချိန်မှာ ဘောင်းဘီဒူးလောက်ထိက ရေစိုနေပြီ..

အဲ့တော့မှ ငိုမဲ့မဲ့ မျက်နှာလေးနဲ့ လုပ်ပြပြီး ချက်ချင်းဆိုသလို ပြန်ပြုံးပြကာ J ရဲ့ အနားကိုအပြေးလေးရောက်လာပြီ နားနားကပ်ကာ..

Daisy  (complete) Where stories live. Discover now