18🔞

9.6K 293 0
                                    

Daisy ဟာ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် J အပြင်မထွက်ခိုင်းသော်လည်း J စီသွားချင်လာတာကြောင့် ထမင်းဘူးလေးပြင်ဆင်ကာ J
ကုမ္မဏီသို့ထွက်လာခဲ့သည်..

ကုမဏီသို့ရောက်တော့ အပြင်က အတွင်းရေးမှုးမရှိတာနဲ့ Daisy ဟာ j ပါမရှိဘူး အထင်နဲ့ တံခါးမခေါက်တော့ပဲ တံခါးကိုဖွင့်ကာ ဝင်လာလိုက်တဲ့ချိန်မှာ အခန်းတွင်းက ဆိုဖာမှာ အမျိုးသမီးတယောက်နဲ့ တူတူထိုင်ကာ ထိုအမျိုးသမီးရဲ့ ဆံပင်ကိုပါသပ်တင်ပေးလို့နေတဲ့ J..

Daisy ဟာ J ကိုမြင်လိုက်တဲ့ချိန်မှာ အံသြတာကြောင့်ရော မထင်ထားတာကြောင့်ပါ ပါးစပ်က J လို့ခေါ်လိုက်မိသည်.

" J "

အနောက်က J ဆိုတဲ့ ခေါ်သံလေးကြားတော့ ရှေ့က အမျိုးသမီးကို ဆံပင်သက်တင်ပေးနေတဲ့ လက်တို့က ချက်ချင်းဆိုသလိုပင်ရပ်တန့်သွားကာ မျက်ခုံးနှစ်ခုထိကပ်လုနီးနီး မျက်မှောင်ကျုတ်ကာ လှည့်ကြည့်လာတဲ့ J..Daisy ဟာ J မျက်နှာကိုလည်းမြင်ရော ခေါင်းလေးချက်ချင်းငုံ့သွားကာ

" သခင်လေး ကျွန်တော်တောင်းပန်ပါတယ် ပြန်လိုက်ပါအုံးမယ် "

" ပြန်စရာမလိုဘူး ငါ့နားလားခဲ့ "

ခေါင်းလေးငုံ့ကာ ထမင်းဘူးလေးဆွဲလို့ အနားရောက်လာတဲ့ Daisy ထိုင်ရာကနေမော့ကြည့်နေတဲ့ J..

ခေါင်းငုံ့ထားတဲ့ Daisy မျက်ဝန်းတွေကို ကြည့်လိုက်တော့ ဝဲတက်နေတဲ့ မျက်ရည်စလေးတွေကို တွေ့လို့သွားသည်..

နှစ်ယောက်သား အကြည့်ခြင်းစုံသွားချိန်မှာ မျက်နှာလွှဲလိုက်ပြီး မျက်တောင်လေး ပုတ်ခက်ပုတ်ခက်လုပ်ပြီး မျက်ရည်မကျအောင် လုပ်လို့နေတဲ့ Daisy.

J ဟာ ဘေးက အမျိုးသမီးကို သူ့ရဲ့မန်နေဂျာကို ဖုန်းဆက်လိုက်ပြီး ပြန်ပို့ခိုင်းလိုက်တယ်..

" marina မန်နေဂျာ ကိုပြန်ပို့ခိုင်းလိုက်မယ်နော် ကို လုပ်စရာလေး ရှိလို့ "

J ရဲ့ ထိုအမျိုးသမီးပေါ် သုံးလိုက်တဲ့ ကို ဆိုတဲ့ အသုံးအနှုန်းကြောင့် Daisy မှာ ပို၍ ပင်ဝမ်းနည်းသွားရသည်..

" ဘာလို့လည်း ကို ရဲ့ ခုဏပဲ ကိုလိုက်ပို့မယ်ဆို "

" အင်း ခုမဟုတ်တော့ဘူး ကိစ္စပေါ်လာလို့ ပြန်တော့နော် "

Daisy  (complete) Where stories live. Discover now