67

3.5K 211 14
                                    

ခုဆို Jeon Tae လေးဟာ ကျောင်းတက်တဲ့အရွယ်ကိုရောက်လို့လာပြီး စကားတွေလည်းအများကြီးပြောတက်လာသလို Jeon Tae ဟာ J ငယ်ငယ်ကအတိုင်းကိုပင် လူကြီးလေးတယောက်လို စကားကြီး စကားကျယ် တွေပါပြောတက်သေးတာ..

Jeon Tae ကို မြင်တိုင်းငယ်ငယ်က J ကိုသာပြေးပြေးမြင်နေမိတဲ့ Daisy..ဂျစ်တစ်တစ် ကောင်လေး J.. လိုချင်တာမရမကယူတက်တဲ့ J..J လိုလူမျိုးကို ဘယ်သူမှအာမခံရဲဘူး ဆိုတဲ့ J.. ခုလည်း Jeon Tae ဟာ သူ့ Daddy အတိုင်းပင်..

appa ဖြစ်သူကိုကြောက်နေရလို့သာ..သူ့ Daddy J ဆို ရှိတယ်လို့ကိုမထင်.. အလိုလိုက်တဲ့ Daddy J ကလည်း သားတခွန်းဆိုတခွန်း ပြောသမျှ အကုန်လုပ်ပေးတက်တာကြောင့်လည်း Daddy J ဆို Jeon Tae တို့ကအသဲ..

ကျောင်းဝတ်စုံ ကိုကော့ကျော့နေအောင်ဝတ်ပြီး Daddy J လက်ကိုတွဲကာ လှေကားပေါ်ကဆင်းလာတဲ့ Jeon Tae..ထိုပုံရိပ်လေးက Daisy အတွက် ငယ်ငယ်က J ကိုမြင်လိုက်သလို အလိုလိုပြုံးမိသွားသည်..

" appa သားဒီနေ့ကျောင်းစတက်မှာလေ appa က သားကိုလိုက်မပို့ချင်ဘူးလား "

" ပို့မှာပါ သားရဲ့ ဘာလို့မေးတာလည်းပြောပါအုံး "

"Daddy က appa ကို အပြင်ထွက်စေချင်လို့တဲ့ "

"ဟင် J ဟုတ်လား ငါအမြဲထွက်ပါတယ် ဘာလို့လည်း "

Jeon Tae လေးဟာ အဖေနှစ်ယောက်ရဲ့လက်ကိုတွဲထားကာ အလယ်ကနေ appa ဖြစ်သူကိုကြည့်ပြီး Daddy ကိုကြည့်ကာ မျက်နှာလေးနဲ့လုပ်ပြလိုက်သည်..ဒါကို J ဟာ နားမလည် အီးအဲလုပ်လို့နေသေးတာကြောင့် Jeon Tae ကပဲ ဝင်ပြောပေးရသည်..

"Daddy က appa နဲ့ ချိန်းတွေ့ချင်လို့တဲ့ "

" ဘာ J ကလေးကုလားနဲ့ "

" ချိန်းတွေ့တာက ကလေးကုလားဖြစ်ရောလား အချစ်ကလည်း "

" အသက်လည်းပြန်ကြည့် 30 နားကပ်နေပြီ ပြီးတော့ "

" ပြီးတော့ ဘာဖြစ်လည်း အသက်30 ဆိုတာ ဘဝတောင်မစသေးဘူး သားကိုကျောင်းပို့ပြီးရင်လျှောက်လည်ရအောင်နော် အချစ် ရုပ်ရှင်ပဲ ဖြစ်ဖြစ်သွားကြည့်မယ်လေနော် "

" ဟင့်အင်း နောက်ပိုင်းသားကျောင်းတက်ရင် အလုပ်တခုခုလုပ်ဖို့စဥ်းစားနေတာ "

Daisy  (complete) Where stories live. Discover now