60

4.1K 247 29
                                    

" Jeon Taehyung! !!!"

အသံလာရာ Daisy ရော ဒေါက်တာလေးပါ
ကြည့်လိုက်မိကြသည်..ခုချိန်ထိ ဒေါက်တာရဲ့ လက်ဟာ Daisy ရဲ့ ပခုံးနှစ်ဖက်ကိုကိုင်လျက် အနေအထားမှာပင် မသိရင် မိသားစုဓာတ်ပုံရိုက်နေသလို..

Daisy ဟာ J ကိုကြည့်လိုက်တော့ သူဒီရွာလေးကိုစရောက်တုန်းကအတိုင်းပင်..

သဘော်ပေါ်ကဆင်းကာ ကမ်းကိုရောက်ဖို့ ရွံတွေထဲက ဖြတ်ကာလျှောက်လာရတာကိုပင်..

ခုလည်း J ဟာ ဒူးလောက်ကနေစလို့ ခြေထောက်အဖျားထိ ရွံတွေ​ေ တလူးလို့..အကျီတွေမှာရော မျက်နှာတွေမှာပါ ရွံစလေးတွေပေလို့နေသည်..

J ဟာ ချက်ချင်းပဲ Daisy လက်ကို ဆွဲကာ သူနားကိုခေါ်လိုက်တော့ Daisy ဟာ သူဆွဲထားတဲ့ လက်ကို ခါထုတ်ကာ ဒေါက်တာလေးကို နှုတ်ဆက်လို့ ထွက်လာခဲ့သည်..

အခြေအနေကိုသိတဲ့ ဒေါက်တာလေးကတော့ Daisy ကို ညိညိနှိုင်းနှိုင်းလုပ်ဖို့ သတိပေးလိုက်သေးသည်..

"သွားခွင့်ပြုပါအုံး ဒေါက်တာ ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် "

" တခုခုဆို သားလေးမျက်နှာကြည့်ပါ Taehyung "

"ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး ဒေါက်တာ "

Daisy ဟာ ဒေါက်တာကို နှုတ်ဆက်ပြီးတာနဲ့
လှည့်ထွက်လာလိုက်တော့ J ဟာ အနောက်ကနေတကောက်ကောက်လိုက်လို့လာသည်...

" Daisy "

" ငါ ကွာရှင်းစာချုပ် ထားခဲ့တယ်လေ မင်းမသိဘူးလား"

" ဘာကွာရှင်းစာချုပ်လည်း ဘာကိစ္စနဲ့ ကွာရှင်းပေးရမှာလည်း "

" မင်းလုပ်ထားတာမင်းမသိလို့ ငါ့ကိုပြန်မေးနေတာလား ဟင့် ဟင့် "

J ဟာ ငိုနေတဲ့ Daisy ကိုရော Daisy လက်ထဲက ချီလို့ထားတဲ့ ပြူးကြောင်ကြောင်လေးကြည့်နေတာ့ သားသူဖြစ်ကိုပါ ပွေ့ဖတ်လိုက်တော့ Daisy ကရုန်းသည်..

Daisy က ရုန်းလေ J ကပိုတိုးကာဖတ်ထားတာကြောင့် အလည်က သားဖြစ်သူမှာ စနေတယ်အထင်နဲ့ တခ်ခ်နဲ့ ပျော်လို့နေသည်..

သားဖြစ်သူရဲ့ ရယ်သံလေးကြောင့် Daisy မှာငိုနေတာကနေ ရပ်လို့သွားသည်..သူဒီကိုရောက်တဲ့နေ့ကစလို့ခုဏလောက်အထိသားဖြစ်သူရဲ့ရယ်သံကိုမကြားခဲ့ရဘူးလေ ခုတော့ သူရော သူ့သားလေးက ပါ J ကိုသာလိုအပ်တယ်ဆိုသိလာသည်..
J ရှိမှ သူတို့နှစ်ယောက်ရဲ့ ဘဝကလည်းပြည့်စုံတယ်ဆိုတာသိလာသည်..သို့သော်လည်း..

Daisy  (complete) Where stories live. Discover now