84

2.9K 205 33
                                    

ရေချိုးဇလုံထဲ ဆပ်ပြာရည်တို့ကိုထည့်ကာ အမြုတ်လေးတွေဖြစ်အောင်လုပ်ကာ ရေချိုးခန်းရဲ့ အ​မွှေးစက်လေးကိုခလုတ်ဖွင့်လိုက်ပြီး မီးအဖြူတို့ကိုပိတ်ကာ အဝါရောင်စက်​ဖယောင်းတိုင်လေးတွေကိုထွန်းလို့ထားလိုက်သည်..

" အချစ်ရေ ရပြီ ဖြေးဖြေးလာ "

shirt ဗိုက်ဖုံးအကျီလေးကိုသာဝတ်လို့ထားတဲ့ Daisy..ရေချိုးခန်းထဲသို့ဝင်လာတော့ ရေဇလုံထဲ မက်တပ်ရပ်ကာစောင့်နေတဲ့ J.ဝတ်ထားတဲ့ shirt အကျီကိုချွတ်ကာ ကမ်းပေးလာတဲ့ Jရဲ့လက်ကိုသေချာဆုတ်ကိုင်လိုက်ပြီး ရေဇလုံထဲသို့ဖြေးဖြေးခြင်းဝင်ထိုင်လိုက်သည်..

ရေဇလုံထဲ သက်သောင့်သက်သာ ခြေထောက်လေးဆင်းလို့အနားယူကာ ရေစိမ်နေသည်..J က Daisy ရဲ့ ခြေထောက်လေးကိုမကာ နှိပ်နယ်ပေးပြီး ခြေချောင်းရှည်ရှည်လေးတွေကို အနမ်းကပေးသေးသည်..

" အချစ်အညောင်းပြေရဲ့လား မောင် အရမ်းတော့မနှိပ်ဘူးနော် ဒဏ်ဖြစ်မှာလည်းဆိုးရသေးတယ် "

"အင်းပါ မောင် ခုနှိပ်ပေးတာနဲ့တောင် သက်သာနေပါပြီ မောင်ဖတ်ထားပေးပါလား "

မျက်နှာခြင်းဆိုင်ထိုင်ကာ ခြေထောက်နှိပ်ပေးနေရာကနေ ထကာ Daisy ရဲ့ကျောဘက်မှာဝင်ထိုင်လိုက်ပြီး Daisy ရဲ့ကိုယ်လုံးလေးကိုရင်ခွင်ထဲထည့်ကာ ဖတ်လို့ထားတော့ သူရဲ့ရင်ဘက်ကိုမှီကာ သူရဲ့လက်ကိုဆုတ်ကိုင်ထားတဲ့ Daisy..

" မောင် ငါတို့နှစ်ယောက်ရဲ့ ကံကြမ္မာ က သိပ်ကိုထူးဆန်းတာပဲနော် ငါလေ ဆွဇ်ဇလန်မှာနေခဲ့တဲ့ အချိန်တုန်းက မင်းနဲ့ပြန်မဆုံရတော့ဘူးထင်ခဲ့တယ် မင်းကိုမေ့နိုင်မယ်လို့ထင်ခဲ့တယ် J. ဒါပေမယ့် အချိန်တိုင်း မင်းကိုသတိရနေခဲ့တာ မင်းနေမကောင်းလို့ရောက်လာတုန်းကဆို ငါ့မှာငိုလိုက်ရတာ J မင်းသိလား "

" မောင်လည်း Daisy မရှိတဲ့ချိန်တွေက မောင်စိတ်လွှတ်သွားရလောက်တဲ့ထိကို မောင်ခက်ခဲခဲ့တယ်ဆိုတာ ယုံပြီလား မောင် Daisy ကိုဘယ်လောက်ချစ်လည်းသိပြီလား "

" သိဘူး "

" ဘာ ကလေးနှစ်ယောက်ရတော့မှာတောင်သိသေးဘူးပေါ့ဟုတ်လား "

Daisy  (complete) Where stories live. Discover now