6

6.5K 450 10
                                    

Jungkook 17 နှစ်အရွယ်ရောက်လို့လာချိန်မှာ မိဘနှစ်ပါးလုံးက ကား accident ဖြင့်ကွယ်လွန်သွားခဲ့ကြသည်..ထိုသတင်းကြားကြားခြင်းမှာ J ဟာ အလဲလဲအပြိုပြိုဖြစ်ခဲ့သည်..ထိုသို့ J အလဲလဲအပြိူပြိုဖြစ်ခဲ့တဲ့မြင်ကွင်းကို Daisy တယောက်သာ မြင်ခွင့်ရခဲ့သည်..

အရာအားလုံးပြီးဆုံးသွားလို့ နာရေးကျင်းပခဲ့သည့်နေရာကနေ ပြန်လာတဲ့ J ဟာ အားအင်မရှိတော့တဲ့ လူတယောက်လို့ အိမ်ထဲသို့ခြေချလိုက်ချိန်မှာပဲ ပြိုလဲကျသွားခဲ့သည်..J ရဲ့ အနောက်မှာ ပါလာတဲ့ Daisy ဟာ J ကို ပြေးပွေ့ထားလိုက်တော့ Daisy ရဲ့ ရင်ခွင်ထဲတိုးဝင်လာကာ ခါးလေးကိုသိုင်းကာ တင်းကျစ်နေအောင်ဖတ်ထားပြီး ငိုလို့နေသည်..

"Daisy မင်းရော ငါ့နားက ထွက်သွားမှာလားဟင် "

ရင်ခွင်ထဲရောက်နေတဲ့ J ဟာ Daisy ကို မော့ကြည့်ကာ ထားသွားခံရမှာကိုကြောက်နေတဲ့ ကလေးတယောက်သဖွယ် အားကိုးနေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လို့ မေးလာတယ်..

Daisy ဟာ J ရဲ့ ပါးပြင်လေးကိုအုပ်ကိုင်လိုက်ကာ စီးကျနေတဲ့ မျက်ရည်စလေးတွေကို လက်မလေးနဲ့ ပွတ်ကာသုတ်ပေးရင်း ပြုံးပြကာ..

" ငါမင်းနားမှာအမြဲရှိနေမှာပါ J "

သူပြောလိုက်တဲ့ စကားကြောင့်ထပ်မှန် ရက်ခွင်ထဲတိုးဝင်လာပြန်တဲ့ J...Daisy ဟာ သူ့ရဲ့ ရင်ခွင်ထဲက J ရဲ့ ကျောပြင်လေးကို ပွတ်ရင်းနှစ်သိမ့်ပေးရှာတယ်..
နွေးထွေးလှတဲ့ Daisy ရဲ့ ရင်ခွင်ထဲမှာ အားရပါးရငိုလို့နေတဲ့ J ဟာ ထိုအချိန်ကစပြီး Daisy ကို သူ့ရဲ့ တဦးထဲသော နွေးထွေးရာ ခိုလုံရာ အိမ်လေးတလုံးအဖြစ်မှတ်ယူခဲ့တယ်..

Daisy ကို ထိုအချိန်ကစပြီး မျက်စိရှေ့ကအပျောက်မခံကာ သူအနားက ထွက်သွားမည်ကို အရမ်းကြောက်နေပြီး ချော့တကာ ခြောက်တလှည့်နဲ့ Daisy ကို ချုပ်နှောင်ခဲ့သည်..

ထိုအချိန် မှာ ဘေးအရပ်ရပ်ကနေ အတိုက် အခိုက်မျိုးစုံ ဝင်လာခဲ့တယ် .17 နှစ်အရွယ်ကောင်လေးကို Jeon group ကြီးတခုလုံးကို လွှဲမပေးနိုင်ဘူးဆိုပြီးတော့ပေါ့..

ဒါပေမယ့် ငယ်ငယ်ထဲက မိဘနှစ်ပါးတောင်လက်မြှောက်ထားရတဲ့ Jeon Jungkook ရဲ့ သြဇာအာဏ ကို သူတို့ရှေ့မှာ တချက်ထဲထုတ်ပြလိုက်ချိန်မှာတော့ အားလုံးဟာ ငြိမ်ကျသွားခဲ့ရသည်...

Daisy  (complete) Where stories live. Discover now