4

6.4K 468 13
                                    

ညနေကျောင်းဆင်းအိမ်ပြန်ရောက်တဲ့အထိ စကားလုံးဝမပြောတဲ့ Jungkook..နှစ်ယောက်သားအိမ်ပြန်အလာက သားဖြစ်သူကလည်း မျက်နှာကလည်း တခုခုကိုအလိုမကျတဲ့ မျက်နှာ..

အနောက်ကပါလာတဲ့ ကောင်လေးကလည်း ခေါင်းလေးကိုငုံ့လို့ အခန်းရှိရာစီ အသီးသီး ဝင်လို့သွားသည်.အဝတ်အစား လဲကာ အပြင်ပြန်ထွက်လာတဲ့ Taehyung..jungkook ကို လိုက်ရှာနေမှန်းသိတဲ့ သခင်မကြီးက

" ခြံထဲမှာ စာဖတ်နေတယ် "

" ဟုတ် သခင်မကြီး "

Taehyung တယောက် အိမ်ရှေ့ကိုပြေးထွက်သွားကာ ခြံထဲက ဒန်းပေါ်မှာထိုင်ကာစာဖတ်လို့နေတဲ့ Jungkook နားကို ဖြေးဖြေးခြင်းတိုးကပ်သွားကာ.မဝံ့မရဲလေးခေါ်လိုက်တော့ စာအုပ်ကိုပိတ်ကာ မော့ကြည့်လာတဲ့ Jungkook

" သခင်လေး "

" ပြောဘာလည်း "

လက်ထဲမှာ စုတ်ကိုင်ထားတဲ့ Iron man စတေကာလေးကို Jungkook ရှေ့ထိုးပေးလိုက်တဲ့ Taehyung..

လက်ဝါးပေါ်က စတေကာလေးကိုကြည့်လိုက်တော့ မနက်က ကျောင်းကိုထည့်ပေးတဲ့ မုန့်ထဲမှာပါတဲ့ ဟာမှန်းသိလိုက်တဲ့ Jungkook..

" ဟို သခင်လေးကြိုက်တယ်ဆိုလို့ "

" ဒါဆို ငါ့ကိုပေးတာလား "

" ဟု ဟုတ် "

" အင်းကောင်းပြီလေ ငါ့နားလာထိုင် "

Taehyung လက်ထဲက စတေကာလေးကိုယူလိုက်ကာ သူဖတ်နေတဲ့ စာအုပ်ကြားထဲညှပ်ထားလိုက်ပြီး သူနားလာထိုင်ဖို့ပြောလိုက်တဲ့ Jungkook အနားကိုရောက်လာကာ ဒန်းပေါ်ထိုင်လိုက်တဲ့ Taehyung..

" ဟို ဟိုလေ မနက်က "

ပြွတ်

Taehyung ရဲ့ပါးပြင် မို့မို့လေး ကို အနမ်းလေးတပွင့်ပေး လိုက်တဲ့ Jungkook ကြောင့် Taehyung မှာမျက်လုံးလေးပြူကာ လှည့်ကြည့်လိုက်တော့..

"မင်းရဲ့ ဒီပါးနှစ်ဖက်က ငါ့အပိုင်ပဲ ဘယ်သူကိုမှ နမ်းခွင့်မပေးရဘူး ငါတယောက်ပဲနမ်းမယ် ကြားလား"

"ဟုတ် သခင်လေး "

" ပြီးတော့ ဒီနှုတ်ခမ်းကလည်း ငါ့အပိုင်ပဲ ငါ့အသက်ပြည့်တဲ့ နေကျရင် မင်းကိုနမ်းမယ် ဘယ်သူမှနမ်းပိုင်ခွင့်မရှိဘူး မင်းကိုငါကလွဲပြီး ဘယ်သူမှ ထိတွေ့ပိုင်ခွင့်မရှိဘူး.

Daisy  (complete) Where stories live. Discover now