38

4.8K 316 17
                                    

မိုးရေထဲ စက်ဘီးလေးကို J ကတွန်းလို့ Daisy က ပန်းစည်းလေးကို လက်တဖက်က ကိုင်ကာ ကျန်လက်တဖက်က J ရဲ့လက်ကလေးကို ဆုတ်ကိုင်လိုက်တော့ J ဘက်ကလည်း ပြန်လည်းဆုတ် ကိုင်ထားကာ လမ်းလျှောက်ပြန်လာခဲ့ကြသည်..

" J ငါမေးစရာရှိတယ် "

"မောင် ဒီကိုမရောက်ခင်ထဲက မောင့်ရဲ့ရောဂါက သက်သာနေတာ Daisy.. မန်နေဂျာ Hobi က ဒီကို ဆေးကုဖို့သွားမယ်ပြောတော့ မောင့်လည်းစိတ်ပြေလက်ပျောက်ဆိုပြီး လိုက်လာခဲ့တာ.."

" ဒါဆို ငါ ပထမဆုံး မင်းကို ပန်းစီးလာပေးထဲ ငါကို သိနေတာပေါ့လေ ဟုတ်လား J "

"အင်းဟုတ်တယ် "

Daisy ဟာ J နဲ့ တွဲထားတဲ့ ဆွဲဖြုတ်လိုက်ပြီး နှုတ်ခမ်းလေးဆူကာ မျက်လုံးလေးစောင်းလို့
ကြည့်လိုက်တော့ J ဟာ Daisy ရဲ့ အဲ့လိုအမှုအယာလေးကို သူသိပ်သဘောကျရတာလေ..

" ဘာလို့ လိမ်ပြန်တာလဲ ငါ့ကို "

ချက်ချင်းပဲ စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး Daisy ရဲ့ ပါးနှစ်ဖက်ကို ဆွဲညစ်ကာ နှုတ်ခမ်းလေးကို အနမ်းဖွဖွလေးပေးလို့..

"မောင့် ကို Daisy ခွင့်မလွှတ်မှာကြောက်လို့ ဟန်ဆောင်ခဲ့ရတာပါ..Daisy သာ တကယ်လို့မောင့်ကို မြင်ပြီး ခွင့်မလွှတ်နိုင်ခဲ့ဘူးဆိုရင်လည်း မောင်ခံနိုင်ရည်ရှိအောင်လို့ပါ.. Daisy စိတ်မဆိုးလိုက်ပါနဲ့နော်.. ဒီ မောင် သွက်သွက်ခါအောင်ရူးသွားတာ မြင်ချင်လို့လား "

"တော်ပါ ဟန်ဆောင်ကောင်းသူကြီး ငါ့မှာ ဘယ်လောက်တောင် ငိုခဲ့ရလည်းသိလား "

" သိတယ် မောင်အကုန်မြင်တယ် Daisy.."

"အဲ့တာကို ဟန်ဆောင်နိုင်သေးတယ်နော် "

"သိပ်ချစ်လို့ပါကွာ "

"ဘာမှ မဆိုင်ဘူး "

" မောင့်ကို ခွင့်လွှတ်နိုင်ပြီလား Daisy "

" ငါမင်းကို အရမ်းချစ်တယ် J "

နှစ်ယောက်သားဆေးရုံထဲ ဝင်လာချိန်မှာ အားလုံးက သူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေကြပေမယ့် သူတို့နှစ်ယောက်ကတော့ပြုံးရွှင်စွာ တယောက်လက်ကိုတယောက်တွဲလို့ ..အခန်းရှေ့ရောက်တော့..

Daisy  (complete) Where stories live. Discover now