83

3.5K 195 38
                                    

ဗိုက်က 3 လ​ကျော်ထဲရောက်နေတာတောင်ခုထိ ခံတွင်းပျက်နေသေးတဲ့ Daisy..

"အချစ်ဒါလေးစားကြည့်ပါလား "

" မစားချင်ဘူး နံတယ် အဲ့အနံကြီးမခံနိုင်ဘူး ဝေးဝေးယူသွားပေးပါ "

" အချစ်ရယ် တခုခုတော့စားပါကွာ အားမရှိပဲနေမယ် အိမ်ကူတွေချက်ပေးတာမကြိုက်ရင် မောင်ခေါက်ဆွဲလုပ်ပေးရမလား မောင်လုပ်ပေးတဲ့ခေါက်ဆွဲအချစ်ကြိုက်တယ်မဟုတ်လား "

" ဘာမှစားလို့မရပါဘူးဆိုနေမှပဲ ဟင့် "

ဘာစားစားပြန်အန်ထွက်လိုက် ပါးစပ်နားမရောက်သေးဘူး အနံကြောင့်ပျို့တက်လာလိုက်နဲ့ အစာမရှိပဲပြန်ပြန်အန်နေရလို့ ရင်ခေါင်းတွေပါနာနေပြီ..

ဘာမှစားလို့မရလို့ ငိုနေတဲ့ Daisy ရဲ့ကိုယ်လုံးလေးကို ပွေ့ဖတ်ကာ ကျောပြင်လေးကို ပွတ်ကာနှစ်သိမ့်ပေးရှာတဲ့ J..

" ဟင့် ရင်ထဲမှာနေလို့မကောင်းဘူး Jeon Tae တုန်းကဘာမှမဖြစ်ဘူးလေ ခုမှဘာလို့ဖြစ်နေရတာလည်း"

" အချစ် အသီးလေးစားကြည့်မလား စတော်ဘယ်ရီတို့ ဌက်ပျောသီးတို့ စားကြည့်မလားဟင် "

ထိုင်ခုံမှာထိုင်ကာငိုနေတဲ့ Daisy ရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ ရှေ့မှာဒူးလေးထောက်ကာထိုင်လို့ မျက်နှာလေးကိုမော့ကြည့်ကာ စိတ်အပြောင်း အလဲလေးဖြစ်အောင်အသီးပြောင်းကျွေးနေတဲ့ J..

" အင်းး စားကြည့်မယ် မောင် အချစ်ဗိုက်အရမ်းဆာနေပြီ "

" ခဏလေး မောင်ခွဲပေးမယ်နော် "

ဘာလေးများခံတွင်းတွေ့မှန်းမသိတော့ အသီးစုံခွဲကာ ပန်းကန်လေးထဲသေချာလေးပြင်ဆင်လို့ Daisy ရှေ့ချပေးလိုက်သည်..ပထမဆုံး ပန်းသီးစိတ်လေးကို အရင်စားကြည့်တော့ တဝက်လောက်သာစားပြီး ဆက်မစားတော့တည်း Daisy.

" အချစ် ပန်းသီးမစားချင်ရင် စတော်ဘယ်ရီ ပြောင်းစားကြည့် "

ဟိုဟာနည်းနည်းဒီဟာနည်းနည်းနဲ့ စားရင်း နဲ့ပဲ ဗိုက်ပြည့်သွားပြန်သည်..ဒီလိုနဲ့ ​တရှောင်ရှောင်တရွေးရွေးနဲ့ဖြတ်ကျော်လာလိုက်တာ ခုဆို 5 လထဲရောက်ပြီပေါ့..ခုတော့ဘာအစားမှမရွေးတော့သလို ဘာလာလာအကုန်စာလွန်းလို့ ပါးလေးတွေတောင်ဖောင်းလို့နေပြီ..

Daisy  (complete) Where stories live. Discover now