အပိုင်း ၁ [ အခန်း 1303 ] (1)

5.2K 411 7
                                    

အပိုင်း ၁ [ အခန်း 1303 ] (1)

⟨⟨သဲလွန်စ⟩⟩

"ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်? မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး" ယောကျာ်းကြီး၏ မျက်နှာအမူအရာသည် ရူးသွပ်နေပြီး မျက်လုံးတစ်စုံသည် နီရဲနေသည် သူသည် မသဲကွဲစွာဖြင့် ပြောနေသည် သူ့လက်တစ်ဖက်သည် သူ့‌ရှေ့ရှိစားပွဲခုံကို လက်ဖြင့်ပြင်းထန်စွာ ရိုက်နေပြီး နောက်တစ်ဖက်ရှိသွေးပြန်ကြောမှာ ပေါက်ထွက်မတတ်ဖြစ်နေသည် ။ စားပွဲပေါ်ရှိပစ္စည်းများကိုလည်း အဆတ်မပြတ်လွှတ်ပစ်နေသည်

လက်ထဲဝှက်ထားသည့် အံစာတုံးနှစ်တုံးသည် လျှောကျလာသည် အကြိမ်အနည်းငယ်လည်သွားပြီး စားပွဲပေါ်တွင် ငြိမ်သက်သွားသည် အသက်ကိုခြိမ်းခြောက်နိုင်တဲ့ ကြိုးလိုမျိုး နီရဲပြီး အစက် ကိုးစက်ရှိတဲ့အရာ နှစ်ခုကသူ့ရဲ့လည်ပင်းကိုရစ်ပတ်သွားသည် သူ့မျက်လုံးတွေကပြူးထွက်နေပြီး အံကြိတ်လျက်သွားကြားထဲမှ စကားသုံးသံထွက်လာသည် " မဖြစ်နိုင်ဘူး........."
ထပ်ပြီး ထပ်ပြီး သူပစ်ပြန်တယ် ဒါပေမဲ့ ဘယ်လိုပဲပစ်ပစ် အံစာတုံးနှစ်တုံးဟာ ကိုးပဲကျပြန်သည်
ဒေါင် ဒေါင် သူ၏အနောက်ဘက်ရှိနာရီမှ စူးရှသောအသံထွက်လာသည် ရုတ်တရက်ရူးသွပ်နေသူသည်ရပ်သွားပြီး သူ့ခန္ဓာကိုယ်သည် ကျောက်ရုပ်ကဲ့သို့တောင့်တင်းသွားသည် သူ့ခေါင်းကိုဖြေးညှင်းစွာလှည့်လိုက်တဲ့အခါ သွေးနဲ့နီရဲနေတဲ့လက်သည်းရှိပြီး စာရွက်လိုမျိုးဖြူစုတ်နေတဲ့လက်တစ်ဖက်ကသူ့ပခုံးပေါ်တင်ထားသည်

_

လင်ပန့်ရှနှင့်ကျိလဲ့ရွှေသည် အိမ်ပြောင်းလာတာ တစ်ပတ်နီပါးရှိနေပြီဖြစ်သည်

အခန်းသည် 13 ထပ်တွင်ရှိပြီး တတိယမြောက်အခန်းဖြစ်သည် အခန်းနံပါတ်မှာ 1303 လင်ပန့်ရှသည် ယွမ် တစ်သိန်းခြောက်သောင်းကို စရံအဖြစ်ပေးထားရပြီး တစ်လကို ယွမ်သုံးထောင်ဖြင့်နှစ်သုံးဆယ်ပေးသွင်းရမည်ဖြစ်သည် မြို့နဲ့နီးတဲ့အိမ်ကိုဒီ‌ ဈေးနဲ့ရတာ တန်သည်ဟုပြောရမည် ။ ချို့ယွင်းချက်တစ်ခုမှာ ပတ်ဝန်းကျင်ဖြစ်သည် ။ သို့သော် ဒီဈေးနဲ့ဆိုရင် ချို့ယွင်းချက်ဟူ၍ပြောမရ ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now