အပိုင်း ၆၅ [ အိမ်မက် ] (11)

803 133 2
                                    

အပိုင်း ၆၅ [ အိမ်မက် ] (11)

⟨⟨အိမ်မက်ထဲတွင်ပေါ်လာခြင်း⟩⟩

"ဟားဟားဟားဟားဟား"လင်ပန့်ရှရဲ့စကားကြောင့်လီစူးရယ်လိုက်သည် "စိတ်မပူနဲ့ပန့်ရှ,ငါနဲ့သူနဲ့ကဖြူစင်တာမှအရမ်းပဲ,ဒါပေမဲ့ဒါကိုပြောလည်းအသုံးမဝင်ဘူး,ဘာပဲဖြစ်ဖြစ်ခဏနေမင်းနိုးလာတာနဲ့နားလည်မှာမဟုတ်ဘူး"

"ဘာလို့မမှတ်မိရမှာလဲ?"လင်ပန့်ရှဒေါသထွက်နေတယ် "ငါရှင်းရှင်းလင်းလင်းကိုမှတ်မိတယ်!လီယဲ့နဲ့တရားစွဲပစ်မယ်မင်းနဲ့စုန့်ချင်းလော်မှာနည်းလမ်းရှိတယ်လို့ပြောပစ်ပြီးမင်းကိုရိုက်ခိုင်းမယ်"

"ဘာ?"စုန့်ချင်းလော်ရဲ့လက်ကအားပါလာသည် "မင်းဘာကိုပြောတာလဲ?"

လီစူးအတွက်ပြောတယ်ထင်ပြီးလင်ပန့်ရှပိုဒေါသထွက်လာသည် : "ငါပြောတာကလီစူးကိုလီယဲ့ရိုက်အောင်လုပ်မယ်လို့!"

"ရိုက်ရင်ရိုက်ပေါ့"စုန့်ချင်းလော်ကမပြောင်းမလဲ "ကိုယ်ပြောတာကအရှေ့ကတစ်ကြောင်း"

"ဘယ်တစ်ကြောင်းလဲ?"လင်ပန့်ရှပြောလိုက်တယ် "ငါရှင်းရှင်းလင်းလင်းမှတ်မိတယ်လား?"

"ဟုတ်တယ်!!!"လီစူးကလက်ခုပ်တစ်ချက်တီးလိုက်သည် "မင်းပြောတာကအိမ်မက်ထဲကဟာတွေကိုရှင်းရှင်းလင်းလင်းမှတ်မိတယ်??"

လင်ပန့်ရှခေါင်းငြိမ့်လိုက်သည်။ဘာလို့လဲမေးချင်ပေမဲ့သူခေါင်းငြိမ့်လိုက်တဲ့ခဏမှာပဲလီစူးနဲ့စုန့်ချင်းလော်‌တို့နှစ်ယောက်လုံးရဲ့အကြည့်ကပြောင်းလဲသွားသည်။အထူးသဖြင့်စုန့်ချင်းလော်ပဲခုနကမတတ်နိုင်သလိုအလိုလိုက်သလိုဖြစ်နေပေမဲ့အခုချိန်မှာတော့ဆာလောင်နေချိန်အသားတွေ့လိုက်တဲ့ဝံပုလွေလိုမျိုးလင်ပန့်ရှကိုဖက်လိုက်သည်။အားသန်လွန်းတာများလင်ပန့်ရှကိုခန္ဓာကိုယ်ထဲသွင်းတော့မတတ်

အိမ်မက်ထဲမှာနာကျင်မှုကိုမသိရလို့တော်သေးတယ်သေးသေးလေးတစ်ကောင်ကအရုပ်တစ်ရုပ်လိုမျိုးစုန့်ချင်းလော်ရဲ့ရင်ခွင်ထဲရှိနေသည် : "မင်းတို့ဘာလုပ်မလို့လဲ?"

"မင်းမှတ်မိတာသေချာလား?"လီစူးကထပ်အတည်ပြုလာသည်။

"ဟုတ်တယ်လေ ငါမှတ်မိတာ.......ဘာဖြစ်ပြန်ပြီလဲ"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now