အပိုင်း ၂၂ [ မရဏပျော်ပွဲ ] (4)

1.1K 188 3
                                    

အပိုင်း ၂၂ [ မရဏပျော်ပွဲ ] (4)

⟨⟨ပြိုလဲခြင်း⟩⟩

"အား!!" အထိန့်တလန့်အော်သံထွက်လာ၏ ။ မိုရှင်းစေးကတခြားဟာတွေကိုဂရုမစိုက်နိုင်တော့ပဲအပြင်ဘက်ကိုဒယိမ်းဒယိုင်ပြေးထွက်လာသည် ။ သူမတံခါးပေါက်ကိုရောက်တော့တစ်ခုခုကိုနင်းမိသွားသလိုပင် ။ ရုတ်တရက်ချော်သွားပြီးပြင်းပြင်းထန်ထန်ကြမ်းပေါ်လဲကျသွားသည် ။

ကံကောင်းတာကသူမလက်ထဲမှာ‌ပျော့ပျောင်းတဲ့ရေလဲဝတ်ကိုဝတ်ထားတာကြောင့်ခေါင်းနဲ့မကျသွားပေမဲ့ ခြေချင်းဝတ်ကတော့ကြွပ်ခနဲကျိုးသွားသည် ။

"အား____"မိုရှင်းစေးနာနာကျင်ကျင်အော်လိုက်သည် ။

"မိုရှင်းစေးမင်းအဆင်ပြေရဲ့လား??" အပြင်ဘက်မှာစောင့်နေတဲ့ဟယ့်ဟွိုင်အန်းကမိုရှင်းစေးအော်သံကိုကြားတော့အလောတကြီးဆိုတယ် "မင်းဘာဖြစ်လို့လဲ?"

"ဆံပင်.......ဆံပင်......."မိုရှင်းစေးကအော်ဟစ်နေလျက်

"ဘာဆံပင်လဲ?ငါဝင်လာရမလား?"ဟယ့်ဟွိုင်အန်းကအလောတကြီးဆိုသည် ။

"ဟင့်အင်းမဝင်လာနဲ့ငါအင်္ကျီမဝတ်ကသေးဘူး"

မိုရှင်းစေးကသေတော့မလိုဖြစ်နေပေမယ့်အရှက်ကိုလိုချင်သေးသည် "နင်ခဏစောင့်နေငါခဏနေရင်ကိုယ်တိုင်ထွက်လာခဲ့မယ်......."သူမခက်ခက်ခဲခဲနဲ့ကိုယ်ကိုလှည့်လိုက်ပြီးခေါင်းပေါ်ကမျက်နှာကျက်ကိုပြန်ကြည့်လိုက်သည် ။ အဲ့ဒီနေရာကလွတ်နေပြီးသူမအခုလေးတင်တွေ့ခဲ့တဲ့ကြောက်စရာပုံရိပ်ကလုံးဝမရှိတော့ပေ ။

ခြေချင်းဝတ်ကဒဏ်ဖြစ်သွားပြီထင်တယ် မိုရှင်းစေးခက်ခက်ခဲခဲနဲ့အင်္ကျီဝတ်လိုက်ပြီးထော့နဲ့စွာအပြင်ထွက်လာသည် ။

ဟယ့်ဟွိုင်အန်းကမိုရှင်းစေးရဲ့နာကျင်နေပုံကိုတွေ့တော့သူမကိုဘာဖြစ်လာတာလဲလို့အလောတကြီးမေးသည် ။

"ငါထူးဆန်းတဲ့အရတစ်ခုတွေ့လိုက်သလိုပဲ"မိုရှင်းစေးကမသဲမကွဲပြောလာ၏ ။

ဟယ့်ဟွိုင်အန်းကပြောတယ် : "ဘာ?"

"ငါအမြင်မှားတာပဲနေမှာပါ" မိုရှင်းစေးခေါင်းရမ်းပြလိုက်သည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now