အပိုင်း ၁၃ [ တစ္ဆေပူးကပ်ခြင်း ] (2)

1.5K 229 14
                                    

အပိုင်း ၁၃ [ တစ္ဆေပူးကပ်ခြင်း ] (2)

⟨⟨သူမရဲ့လက်ဆောင်⟩⟩

မပြောချင်ပေမယ့်လည်း စုန့်ချင်းလော်ရဲ့ မျက်နှာဖြူဆုတ်ဆုတ် ညဘက်မှာ ရုတ်တရက်ပေါ်လာတော့ နည်းနည်းလန့်သွားတယ် လင်ပန့်ရှ တစ်ကိုယ်လုံးပျော့ပျောင်းနေတဲ့ ကျိလဲ့ရွှေကိုတွဲလိုက်ပြီး ခေါင်းမော့ကာ စုန့်ချင်းလော်အား နှုတ်ဆက်လိုက်သည်။

"စုန့်လူကြီးမင်း အဲ့ဒီမှာ ဘာလုပ်ဦးမလို့လဲ?" လင်ပန့်ရှ အော်ပြောလိုက်သည် ။

စုန့်ချင်းလော်ကပြောသည် : "သရဲဖမ်းမလို့"

လင်ပန့်ရှကဆို၏ : "မင်းသရဲမရှိဘူးလို့ပြောခဲ့တယ်မဟုတ်လား?"

စုန့်ချင်းလော်ကမျက်နှာအမူအရာမပြပဲ : "နောက်နေတာ ငါကဥပဒေမဲ့ကျူးကျော်သူလေ"

လင်ပန့်ရှ : "............" မင်းသရဲဖမ်းတာက အနည်းဆုံး‌တော့ ဥပဒေမဖောက်ဖျက်ပါဘူး

ကျိလဲ့ရွှေကလန့်သွားတာကြောင့် ခဏလေးမှာတင် ခြေထောက်တွေပျော့ခွေနေ၏ ။ အစက လင်ပန့်ရှ စုန့်ချင်းလော်နဲ့ စကားထပ်ပြောချင်ပေမယ့် စုန့်ချင်းလော်ကိုလက်ရမ်းပြလိုက်ပြီး သူနဲ့ကျိလဲ့ရွှေအရင်ပြန်နှင့်မယ်လို့ပြောလိုက်သည် ။ လင်ပန့်ရှ ခေါင်းညိမ့်လိုက်ပြီး ကျိလဲ့ရွှေကို လက်မောင်းကနေတွဲလိုက်ရင်း ပြန်လာခဲ့သည် ။

ကျိလဲ့ရွှေ၏ မျက်နှာမှာ ရင်တုန်ခြင်းများဖြင့် ပြည့်နှက်နေပြီး စုန့်ချင်းလော်၏အိမ်သို့ ရောက်မှ သူ့မျက်နှာပေါ်ရှိ တင်းမာသောအမူအရာသည် ပြေလျော့သွားသည် ။ ရိုးရှင်းသော ဆိုဖာပေါ်တွင် ထိုင်ကာ ခေါင်းအုံးကို ပွေ့ဖက်လျက် သာ့လောင်ရဲ့အိမ်က ပထမတစ်‌ ခေါက်ဝင်တော့ အုံ့မှိုင်းနေပုံရပေမဲ့ အိမ်ထဲကိုဝင်လိုက်တာနဲ့ လုံခြုံသည်ဟု အလိုလိုခံစားရသည် ။

"အာ့ဆိုမင်းနားတော့နော်" လင်ပန့်ရှကဆို၏ : "ငါအရင်သွားပြီနော်"

"သွားပါသွားပါ" ကျိလဲ့ရွှေနေဖို့မတိုက်တွန်းတော့

လင်ပန့်ရှအိမ်ပြန်ရောက်တော့ ရေချိုးလိုက်ပြီး တီဗီကြည့်နေလိုက်သည် ။ သူလျိုရှီးရဲ့အကြောင်းတွေးနေပြီး စိတ်ထဲ အနည်းငယ် မတင်မကျဖြစ်နေသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now