အပိုင်း ၁၅ [ တစ္ဆေပူးကပ်ခြင်း ] (4)

1.3K 225 4
                                    

အပိုင်း ၁၅ [ တစ္ဆေပူးကပ်ခြင်း ] (4)

⟨⟨အတူတူ⟩⟩

"ဒီနေ့ထိအသက်ရှင်လာပြီး ငါနားလည်လာတာက ငါ့မှာ ဘဏ်ကဒ်ထဲကဂဏန်းရှစ်လုံးကလွဲဘာမှမရှိဘူးပဲ" ချန်ယွိလျိုက နောက်ဆုံးဆေးလိပ်တစ်လိပ်ကိုသောက်လိုက်ပြီး မျက်နှာအမူအရာက မှုန်ဝါးနေသည်။

ဒီပုံပြင်က‌ကြေကွဲဖွယ်ဖြစ်သင့်ပေမယ့် ဘာလို့လဲမသိ လင်ပန့်ရှနဲ့ စုန့်ချင်းလော်ဒီစကားကိုနားထောင်ပြီး သူမကအနည်းငယ်တင်းတိမ်မှုမရှိဘူးလို့ခံစားရသည် ။

"နောက်တော့ရော?ရေခဲတိုက်ထဲမှာသေသွားတဲ့သူနဲ့မင်းနဲ့ပတ်သတ်မှုရှိလား?" လင်ပန့်ရှကိုယ့်ကိစ္စကိုကြိုးစားမေးကြည့်လိုက်သည် : "ပြီးတော့ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်___"

"လုပ်ဖော်ကိုင်ဖက်?လျိုရှီးလို့ခေါ်တဲ့လုပ်ဖော်ကိုင်ဖက်လား?" ချန်ယွိလျိုကစိတ်ဝင်တစားနဲ့ပြုံးလိုက်ပေမယ့် အပြုံးမှာ စက်ဆုပ်ဖွယ်ကောင်းနေ၏ ။ "ဒါပေမဲ့နင်ငါ့ကိုအထင်မလွဲနဲ့ ငါကလူကောင်းမဟုတ်ပေမယ့် အကြောင်းအရင်းမရှိလူမသတ်တတ်ဘူး အဲ့ဒီလူကကိုကံမကောင်းတာပါ" သူမကတခစ်ခစ်နဲ့ရယ်လာသည် ။

လင်ပန့်ရှမျက်မှောင်ကျုံ့လိုက်မိသည် ။ စုန့်ချင်းလော်ကဆို၏ : "ဒီကိစ္စပြီးတော့ မင်းဆန္ဒတစ်ခုထပ်ပြုသေးလား?"

ချန်ယွိလျိုကအေးစက်စက်ပြောလာသည် : "ဒါပေါ့ ငါကအမှားတစ်ခုကိုလုပ်နေပြီး နောက်တစ်ခုကိုထပ်လုပ်ခဲ့တယ် ငါ့ရဲ့အရိပ်ကိုဆန္ဒထပ်ပြုခဲ့တယ်"

"ဘာဆန္ဒလဲ?" စုန့်ချင်းလော်ကမေးလိုက်သည် ။

"ငါသူတို့ငါ့ဘေးကိုပြန်လာတာလိုချင်တယ်" ချန်ယွိလျိုကပြောသည် : "ငါ့ရဲ့အရိပ်ကိုပြောခဲ့တာ"

"ငါသူတို့ငါ့ဘေးကိုပြန်လာတာလိုချင်တယ်" စိတ်ပြိုလဲနေတဲ့ ချန်ယွိလျိုက သတိလည်းဖရိုဖရဲဖြစ်နေချိန် ဒီဆန္ဒကိုပြောခဲ့သည် ။ သူမအဲ့အချိန်တုန်းကပုံပျက်ပြီးရောယှက်နေတဲ့အလောင်းစတွေကိုမြင်လိုက်ပြီး မည်းမှောင်နေတဲ့အခန်းထဲ ပြိုလဲနေသည် ။ ချန်ယွိလျိုကရွှံ့ဗွက်ထဲကနောက်ဆုံးမြက်ကိုဆွဲပြီး ယိမ်းနွဲ့နွဲ့ဖယောင်းတိုင်မီးအောက်မှာ သူမရဲ့လက်ချောင်းတွေနဲ့ကြမ်းပြင်ပေါ်အရိပ်ထင်နေတဲ့ အရိပ်ဖျော့ဖျော့ကိုဖမ်းဆုပ်လိုက်ရင်း ဒီစကကိုမျှော်လင့်ချက်မဲ့စွာပြောခဲ့သည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now