အပိုင်း ၈၂ [ တစ္ဆေဈေး ] (7)

536 95 11
                                    

အပိုင်း ၈၂ [ တစ္ဆေဈေး ] (7)

⟨⟨စွန့်စားမှု⟩⟩

ပြင်းထန်လှတဲ့ထိုးနှက်ချက်ဟာနာကျင်စွာဖြင့်ဆုတ်ခွာသွားသည်။အစကတော့ ဒီဟာက စုန့်ချင်းလော်ဘဝထဲမှာ အကြီးမားဆုံးသောစိတ်ပျက်မှုလို့ လင်ပန့်ရှထင်ခဲ့တယ် ပြန်တွေးကြည့်တော့လည်း ပန်းသီးကျောက်စိမ်းနဲ့ဖေ့ချီအိုးကိုတောင်ဝယ်သေးတာပဲ ဒီလိုကိစ္စလေးမျိုးဆိုရင်တော့ အရေးမပါဘူးပေါ့

အပေါက်ဝမှာစောင့်နေတဲ့လီစူးဟာပျော်ပျော်ရွှင်ရွှင်နဲ့ ရေခဲချောင်းကိုက်နေသည်။စုန့်ချင်းလော်ကိုတွေ့တော့ အကျယ်ကြီးရယ်ဖို့လုပ်ပေမဲ့အပြုံးကိုအတင်းဖိနှိပ်လိုက်ပြီးဂရုတစိုက်အမူအရာဖြင့်မေးလာသည် : "လော်လော် မင်းအဆင်ပြေရဲ့လား?"

စုန့်ချင်းလော်ကတော့အမူအရာမရှိပဲ လေသံကသာရွံရှာမှုအပြည့်ဖြစ်နေသည် : "ရွံဖို့ကောင်းလိုက်တာ"

လီစူး : "ဖူး"

စုန့်ချင်းလော် : "မင်းကားကိုခဏပေးမောင်း"

လီစူး : "မင်းရဲ့ကားကရော?"

မျက်တောင်မခတ်ပဲစုန့်ချင်းလော်လိမ်လိုက်သည် : "ကားငှားလာတာ ငါ့ရဲ့အခုပုံစံက ကားငှားနိုင်မယ့်ပုံပေါ်လို့လား?"

ဒီတစ်ခေါက်နောက်တန်းရောက်နေတာကြောင့်အဲ့လောက်ဒေါသထွက်စရာမလိုတော့တာ လီစူးတွေးလိုက်ပြီးလက်ထဲက ကားသော့ကိုပေးလိုက်သည်။စုန့်ချင်းလော်ရဲ့လက်ထဲကိုကျိန်းသေပေါက်မပေးပဲလင်ပန့်ရှဆီပေးလိုက်တာလေ ကားနောက်ခန်းမှာထိုင်ဖို့စုန့်ချင်းလော်ကိုပြောရင်းပေါ့ သူ့ကားက သားရေခုံ‌ပေမဲ့ဆေးလို့တော့မကောင်းဘူး.......

ဒါပေါ့ ဒီစကားကသူ့အပြောပဲရှိတာလေ စုန့်ချင်းလော်သာလိမ်လိမ်မာမာနဲ့နားထောင်ရင်သရဲဝင်ပူးနေတာပဲနေမှာ

စုန့်ချင်းလော်အိမ်ပြန်ရေချိုးဖို့ရန်လင်ပန့်ရှအမြန်မောင်းလိုက်သည်။ကျိုးကျစ်ရှန်နဲ့လီရှင်းယွီလည်းနောက်ခုံမှာထိုင်နေလျက်နှစ်ယောက်လုံးအသံမထွက်ရဲ ထိုးနှက်မှုကိုခံလိုက်ရတဲ့ကျိုးကျစ်ရှန်ကိုတော့ပြောဖို့မလိုဘူး လီရှင်းယွီကတော့အနက်ရောင်မှတ်စုစာအုပ်ကိုထုတ်ကာသေသေချာချာရေးနေသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now