အပိုင်း ၃၇ [ ကတိပြုထားသောမြေ ] (10)

1.2K 213 11
                                    

အပိုင်း ၃၇ [ ကတိပြုထားသောမြေ ] (10)

⟨⟨ဖြေရှင်းချက်⟩⟩

"ဒီကနေထွက်!"လီယဲ့အခြေအနေမကောင်းတာတွေ့တော့နှစ်ယောက်ဆီအော်လိုက်သည်။

လင်ပန့်ရှနဲ့လီစူးတံခါးပေါက်ဆီဦးတည်သွားလိုက်သည်။ဒီဟာတွေကပိုပိုပြီးများလာပြီးအရှိန်ကလည်းပိုပိုမြန်လာသည်။မျက်တောင်တစ်ခတ်အတွင်းမှာပဲရီးလျန်နနောက်တစ်ယောက်မျက်နှာကြက်ပေါ်ကနေလီစူးရဲ့ပခုံး‌ပေါ်ပြုတ်ကျလာတော့လီယဲ့အမြန်သေနတ်နဲ့ပစ်လိုက်သည်။ကျည်ဆံကလီစူးရဲ့မျက်နှာကိုဖြတ်သွားတာကြောင့်သွေးစထွက်လာ၏။ရီးလျန်နကတော့အော်ဟစ်နေလျက်အပိုင်းပိုင်းဖြစ်သွားသည်။

လင်ပန့်ရှသေနတ်ကိုဘယ်လိုမှသုံးမရတာကြောင့်ပစ္စတိုနဲ့သာတိုက်ခိုက်၍ရသည်။ဒါပေမဲ့လက်မတည့်တာကြောင့်မတတ်နိုင်ပဲဓားမြှောင်ကိုသာအသုံးပြုနိုင်သည်။သူတို့သုံးယောက်တိုက်နေတာကအရာမရောက်တာသိသာတယ်သူတို့အခန်းထဲကနေဆုတ်ပြီးလို့မကြာခင်မှာပဲအခန်းတစ်ခန်းလုံးအရည်ကျိုခံလိုက်ရသလိုမျိုးမရေမတွက်နိုင်တဲ့ရီးလျန်နတွေအဆက်မပြတ်ထွက်လာကြသည်။အခန်းတစ်ခန်းလုံးလုံးဝပြည့်သွားပြီးကျောက်တုံးနဲ့လုပ်ထားတဲ့တံခါးကလည်းအက်ကွဲလာသည်။

"ဒီလိုဆက်သွားလို့မဖြစ်တော့ဘူး_လင်ပန့်ရှ!!မင်းရှဲ့အာကိုက်ကိုအမြန်သွားရှာသူ့ကိုမေ့လဲအောင်လုပ်လိုက်!!"လီစူးအော်ပြောလိုက်သည် "ငါတို့ဒီထဲမှာပဲအချိန်ဆွဲထားပေးမယ်_"

လင်ပန့်ရှအသံကျယ်ကျယ်ဖြင့် : "ဟုတ်__"

"အဲ့ဒီဟာကိုမကြည့်နဲ့!!"လီစူးမှဆိုသည်

လင်ပန့်ရှလှည့်ပြေးတော့သည်မှောင်မည်းနေတဲ့အခန်းတွေထဲရှဲ့အာကိုက်ကိုရှာတာကပင်လယ်ထဲအပ်ရှာသလိုပဲအဆိုးဆုံးကတော့သူနေရာတိုင်းသွားမရှာရဲတာပဲရင်ပြင်ရဲ့အလယ်ကအဲ့ဒီဟာကိုလည်းရှောင်ဖို့လိုတယ်စုန့်ချင်းလော်ဘယ်ရောက်နေလဲမသိရီးလျန်နကြောင့်အကျိုးသက်ရောက်မှုဖြစ်နိုင်လားလင်ပန့်ရှအံကြိတ်ထားရင်းဓာတ်မီးနဲ့အဆက်မပြတ်ရှာလိုက်သည်လီစူးနဲ့လီယဲ့ရဲ့သေနတ်သံကိုအဖော်ပြုရင်း နောက်ဆုံးလင်ပန့်ရှရင်ပြင်ရဲ့ထောင့်တစ်ထောင့်ထဲဘောလုံးတစ်လုံးလိုကွေးနေတဲ့ရှဲ့အာကိုက်ကိုတွေ့လိုက်ရ၏။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now