အပိုင်း ၄၄ [ လက်ကိုင်ပဝါပစ်ကြမယ် ] (6)

1K 190 4
                                    

အပိုင်း ၄၄ [ လက်ကိုင်ပဝါပစ်ကြမယ် ] (6)

⟨⟨အစစ်အမှန်နဲ့အတုအယောင်⟩⟩

ကျောက်ယွမ်ရွေ့ဘာဖြစ်သွားလဲနားမလည်သေး။သူမေးဖို့လုပ်တုန်းရုတ်တရက်မော်ထရန်းလွင်ပေါ်ကရှန်ချင်းရီရဲ့အော်သံကိုကြားလိုက်ရ၏ : "အချိန်ပြည့်တော့မယ်_"

အချိန်?ဘာအချိန်လဲ?ကျောက်ယွမ်ရွေ့သူမပြောတဲ့အဓိပ္ပာယ်ကိုနားမလည်ဘူး

သူနားမလည်ပေမယ့်လင်ပန့်ရှကတော့တုံ့ပြန်ချက်မြန်သည်။ကျောက်ယွမ်ရွေ့ရဲ့အိတ်ကပ်ထဲကလက်ကိုင်ပဝါကိုထုတ်လိုက်ပြီးပြေးသွားပြီဖြစ်တဲ့ဟန်ဟယ်ဖုန်းကိုလိုက်ဖမ်းလိုက်သည်။ဟန်ဟယ်ဖုန်းလည်းအနောက်ကခြေသံနဲ့ဒေါသတကြီးအော်သံကိုကြားရသည်။ဒါပေမဲ့သူဘယ်လိုမှမရပ်နိုင်အဲ့ဒါနဲ့ပဲအံကြိတ်လျက်ရှိသမျှအားနဲ့အတောင်ပေါက်မတတ်ပြေးတော့သည်။လင်ပန့်ရှရဲ့ကာယဟာလည်းကောင်းတာကြောင့်နီးနီးကပ်ကပ်ရှိနေသည်။ကစားကွင်းလွတ်ထဲနှစ်ယောက်သားပြေးလိုက်လိုက်လိုက်ဖြစ်နေ၏။

"သူ့ကိုအမြန်ဖမ်းလိုက်__"အနောက်ကမော်ထရန်းလွင်ပေါ်မှာရှိနေတဲ့ရှန်ချင်းရီကလည်းအသကုန်အော်နေလျက် "သေသွားလိမ့်မယ်!!လက်ကိုင်ပဝါ!!လက်ကိုင်ပဝါ!!ကိုယ်ပေါ်မှာရှိလို့မရဘူး!"

ရှန်ချင်းရီမအော်လည်းလင်ပန့်ရှနားလည်သည်။လက်ထဲကလက်ကိုင်ပဝါကအချိန်မရွေးပေါက်ကွဲနိုင်တဲ့ပစ္စည်းဆိုတာလင်ပန့်ရှသိတယ်ဟန်ဟယ်ဖုန်းလည်းနားမလည်နိုင်ဘူးသူ့နောက်ကစောင့်ကြည့်သူကအသက်ရှင်နေတုန်းပဲနှစ်ယောက်သားနင်ပြေးငါလိုက်နဲ့အခြေအနေကစိုးရိမ်စရာဖြစ်နေသည်။

"တစ်နာရီမခွဲခင်--တစ်နာရီမခွဲခင်လက်ကိုင်ပဝါကိုလွှဲပေးရမယ်--"ရှန်ချင်းရီရဲ့အသံလည်းအက်နေပြီပင်။တံခါးကိုကိုင်ထားရင်းမျက်ရည်အပြည့်ဖြစ်နေကာနောက်ဆုံးအားနဲ့မိမိခန့်မှန်းချက်ကိုပြောလိုက်သည်။

လင်ပန့်ရှသူမပြောတာကြားတော့နာရီကြည့်လိုက်တယ်တစ်နာရီခွဲဖို့နှစ်မိနစ်ပဲလိုတော့တယ်သူဟန်ဟယ်ဖုန်းနဲ့အမြန်ကပ်လိုက်ပေမယ့်သူ့ကိုမဖမ်းနိုင်တော့။ပန်းခြံတစ်ခုထဲဟန်ဟယ်ဖုန်းကွေ့သွားကာလင်ပန့်ရှရှေ့ကနေချက်ချင်းပျောက်သွား၏။လင်ပန့်ရှစိတ်ထဲသတိပေးချက်မြည်လာ၍လက်ထဲရှိလက်ကိုင်ပဝါကိုအားနဲ့ညှပ်ထားမိသည်။ဒီလက်ကိုင်ပဝါကသွေးစိုနေတာကြောင့်သူ့လက်ချောင်းကြားကနေတစ်စက်ပြီးတစ်စက်မြေကြီးပေါ်စီးကျသွားသည်။ဒီထဲမှာဒီလိုပဲသေသွားခဲ့ရင်သိပ်တော့မတန်ဘူးလင်ပန့်ရှစိတ်ထဲဒီလိုတွေးနေချိန်မဝေးတဲ့တစ်နေရာကဟန်ဟယ်ဖုန်းရဲ့ကြောက်လန့်တကြားအော်သံကိုကြားလိုက်ရသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now