အပိုင်း ၂၃ [ မရဏပျော်ပွဲ ] (5)

1.1K 191 13
                                    

အပိုင်း ၂၃ [ မရဏပျော်ပွဲ ] (5)

⟨⟨ဖွင့်ပွဲ⟩⟩

လင်ပန့်ရှရဲ့မျက်ဝန်းတွေတောက်ပလာသည် ။

"အဲ့ဒီနေ့ကငါရေလာခပ်တာ"ကျန်ရော့နမ်ကပြောတယ် "သူချောင်းဘေးမှာတစ်ချက်ချောသွားတယ်နောက်တော့.......ခေါင်းကကျောက်တုံးကြီးနှစ်တုံးရဲ့အဟကြားညပ်သွားတယ်ငါကူချင်ပေမယ့်ဘယ်လိုမှဆွဲထုတ်လို့မရဘူး"သူမကအောက်ကိုအကြည့်ပို့လိုက်ပြီးအသံကလည်းတုန်နေသည် "ငါလည်းဒီလိုတိုက်ဆိုင်မှုကဘယ်လိုဖြစ်လဲမသိတော့ဘူးအဲ့ဒီကျောက်တုံးနှစ်တုံးကအသက်ရှိနေသလိုမျိုးသူ့ရဲ့ခေါင်းကိုခိုင်နေအောင်ညှပ်ထားတယ်.......နောက်တော့သူသေသွားတယ်တခြားသူဒီကိစ္စကိုသိရင်အထင်လွဲမှာစိုးလို့မပြောရဲတာပါ"

စုန့်ချင်းလော်ကဆိုတယ် : "သူကရောရေလာခပ်တာလား?"

"မဟုတ်လောက်ဘူး"ကျန်ရော့နမ်ကပြန်ဖြေလိုက်တယ် "ငါဘေးမှာရေခပ်ဖို့သုံးတဲ့တစ်ခုခုမတွေ့မိဘူး"

စုန့်ချင်းလော်ကခဏလောက်တိတ်သွားပြီးထပ်မေးလိုက်သည် : "မင်းတို့ရွာထဲကသေသမျှလူတွေရဲ့သေပုံသေနည်း‌နဲ့နေရာတွေကိုမှတ်တမ်းလုပ်ထားလား?"

"မှတ်ထားတယ်"ကျန်ရော့နမ်ကပြောတယ် "ဟယ်ဖိုးဖိုးရဲ့အိမ်မှာအကုန်ရှိတယ်သူကအကြီးအကဲလည်းဖြစ်တယ်ဆေးလည်းကုတတ်တယ်အများအားဖြင့်တော့အလောင်းတွေကိုသူ့ဆီအရင်သယ်သွားတတ်ကြတယ်ဒါပေမဲ့နင်တို့ကိုတော့မသွားစေချင်ဘူးသူက.........အပြင်လူတွေကိုသဘောမကျဘူး"

စုန့်ချင်းလော်ကပြောတယ် : "ဒါနဲ့ဘယ်အချိန်မှာပထမဆုံးလူသေတာလဲ?"

"သုံးလပိုင်းလလယ်လောက်မှာ"ကျန်ရော့နမ်ကပြောတယ် "ငါသေချာမှတ်မိတယ်အဲ့နေ့ကရာသီဥတုကောင်းနေတယ်တောင်ပေါ်ကနှင်းတွေတောင်စပျော်နေပြီ......အဲ့‌ဒီသူကချောင်းမှာအဝတ်လျှော်ပြီးပြန်လာတော့လမ်းတစ်ဝက်မှာချော်လဲသွားပြီးလည်ပင်းကျိုးသွားတယ်လေ"

ကျန်ရော့နမ်လည်းပြောပြီးတော့ရေပုံးလည်းပြည့်သွားပြီသူမကသတိကြီးကြီးနဲ့ရေပုံးကိုသယ်လိုက်ပြီးပြန်ဖို့ပြင်လိုက်သည် ။ လင်ပန့်ရှလည်းစုန့်ချင်းလော်ကိုကြည့်လိုက်ရင်း : "သွားမှာလား?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now