အပိုင်း ၃၈ [ ကတိပြုထားသောမြေ ] (ဆုံး)

1.4K 213 10
                                    

အပိုင်း ၃၈ [ ကတိပြုထားသောမြေ ] (ဆုံး)

⟨⟨ရုရှားရေနောက်မှပြန်တွေ့မယ်⟩⟩

နှစ်ယောက်သားတိတ်တဆိတ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြီးနောက်လီစူးကဆိုတယ် : "ငါစုန့်ချင်းလော်ရိုက်တာလို့ပြောရင်မင်းယုံလား?"

လင်ပန့်ရှ : "........."

"ဟုတ်တယ်ငါရိုက်တာ"လီစူးလက်လျှော့လိုက်တယ်"မင်းငါ့ကိုယုံအဲ့တုန်းကတကယ်လက်စားချေတာမဟုတ်ဘူးအဲ့ဒီလိုအချိန်မျိုးမှာမင်းကိုဆွဲထုတ်လာတာ__ငါ့မှာအတွေ့အကြုံအများကြီးရှိတယ်လက်စားချေဖို့လုံးဝမဟုတ်ဘူး"

လင်ပန့်ရှတွေးကြည့်လိုက်တယ်

အရင်ကလိုဆိုလင်ပန့်ရှရဲ့ဒီလိုအမူအရာကဘာအဓိပ္ပာယ်လည်းဆိုတာမသိခဲ့ဘူး‌ဒါပေမဲ့ကိစ္စတွေပြီးတော့သူအရမ်းရှင်းရှင်းလင်းလင်းသိသွားတာကလင်ပန့်ရှဆိုတဲ့အကောင်ရဲ့အပြင်ပန်းမှာကြည်လင်သန့်ရှင်းသိမ်မွေ့နေပေမယ့်အတွင်းမှာတော့မဲနက်နေတာ "မဟုတ်ရင်မင်းဘာလို့ပြန်မရိုက်တာလဲ?"

လင်ပန့်ရှ : "ငါလူမရိုက်တတ်ဘူး"

"အဲ့ဒါဆို......."လီစူးအဲ့ဒါဆိုမင်းဘာလုပ်မှာလဲလို့ပြောချင်ပေမယ့်လင်ပန့်ရှရဲ့အားနည်းချက်ကိုရုတ်တရက်သတိရသွားတာကြောင့်လက်ထဲကသစ်ကိုင်းကိုပစ်လိုက်ပြီးအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်ပြီးတော့ထရပ်လိုက်ပြီးအိတ်ထဲနှိုက်လိုက်တယ်

လင်ပန့်ရှသူဘာထုတ်နေလဲဆိုတာစဉ်းစားကြည့်နေတုန်းစာအုပ်အသေးလေးတစ်အုပ်ကိုထုတ်လာတယ်ပြီးတော့ဘောပင်ကိုတစ်ချက်ခေါက်စာရေးလိုက်ပြီးတစ်ရွက်ဖြဲလိုက်တယ်နောက်တော့လင်ပန့်ရှကိုပေးလိုက်သည်။

လင်ပန့်ရှအကြောင်းအရင်းမသိပေ : "ဒါကဘာလဲ?"သူကြည့်လိုက်တော့xxဘဏ်ငွေသားချက်လက်မှတ်လို့ရေးထားတယ်

"နှုတ်ပိတ်ခ!"လီစူးလင်ပန့်ရှရဲ့လည်ပင်းကိုညာလက်နဲ့ဖက်လိုက်ပြီးအသံနိမ့်နိမ့်နဲ့ဆိုတယ် : "မိုးမြေရယ်မင်းနဲ့ငါရယ်ပဲသိတယ်!"

လင်ပန့်ရှငွေသားချက်လက်မှတ်ကိုပထမဆုံးမြင်ဖူးတာကြောင့်အသစ်အဆန်းဖြစ်ပြီးကြည့်နေသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now