အပိုင်း ၇၀ [ အိမ်မက် ] (16)

910 155 6
                                    

အပိုင်း ၇၀ [ အိမ်မက် ] (16)

⟨⟨အိမ်မက်ထဲရှိထိန်းချုပ်သူ⟩⟩

"မင်းခွဲလို့မရပါဘူး"ဒီစကားကမိုးခြိမ်းသံလိုမျိုးလင်ပန့်ရှနားထဲတွင်ပေါက်ကွဲသွားသည်။သူ့ဝိညာဉ်ကနေအစပြုတဲ့ထိန့်လန့်မှုဟာထွက်ပေါ်လာသည်။အရင်ကသံသယဖြစ်နေတဲ့ကိစ္စတွေဟာဒီတစ်ခွန်းထဲနဲ့သက်သေပြသွားသည်။အိမ်မက်နှစ်လွှာက စုန့်ချင်းလော်ပြောတယ် သူတို့ရှိနေတာကအိမ်မက်တစ်လွှာမှာ ဒါပေမဲ့ဘယ်သူသက်သေပြနိုင်မှာလဲ သူတို့ရှိနေတာက ပထမလွှာ, ဒါပေမဲ့ နှစ်လွှာ သုံးလွှာမဟုတ်ပဲ အလွှာတစ်ရာဆိုရင်ရော?

မရေမတွက်နိုင်တဲ့အိမ်မက်များစွာဟာအနက်ကိုတိုးချဲ့နိုင်တယ် ချောက်ကမ်းပါးမှာအိပ်နေတဲ့လူလိုမျိုးမျက်စိမှိတ်လိုက်တာနဲ့မသိလိုက်ပါပဲ မရပ်တန်းပြုတ်ကျသွားတယ် ချောက်ကမ်းပါးကနေပြုတ်ကျသွားရင်ကြောက်စရာမကောင်း ဒီတိုင်းမရဏကပဲကြိုဆိုနေမှာ ဒါပေမဲ့အဆုံးမရှိတဲ့အိမ်မက်ထဲမှာ ကိုယ်ရှင်နေလား သေသွားပြီလားတောင်မသိ

စုန့်ချင်းလော်ရဲ့အကြောင်းပြချက်အရ အိမ်မက်ထဲဆွဲသွင်းခံရတဲ့လူတိုင်းကလက်တွေ့မှာတည်ရှိနေတဲ့တကယ့်လူသားတွေဖြစ်တယ် တကယ်လို့သူပြောတာသေချာတယ်ဆိုရင် ကိုယ်တိုင်နားမလည်နိုင်တဲ့တည်ရှိမှုရှိနေတယ် အစကတည်းကဒါနဲ့လက်တွေ့နဲ့လုံးဝတူတဲ့ကျောင်းဝင်းထဲမှာပေါ်မလာသင့်ဘူး ပတ်ဝန်းကျင်ကလူတွေနဲ့လည်းသဟဇာတမဖြစ်ဘူး

အဲ့ဒီတည်ရှိမှုကဗီရိုထဲကရှောင်ဟွားလို့ခေါ်တဲ့ကလေးမပဲ

လင်ပန့်ရှအကြာကြီးတိတ်ဆိတ်သွားသည်။ကြာလွန်း၍စုန့်ချင်းလော်ခေါ်တော့မှစိတ်ပြန်ရောက်လာသည်။

"ဘာတွေးနေတာလဲ?"

လင်ပန့်ရှ : "မင်းပြောကြည့်,တကယ်လို့ငါတို့ရှိနေတာအားလုံးကအိမ်မက်ဆိုရင်အိမ်မက်ထဲကနေဘယ်လိုနိုးထရမလဲ?"

စုန့်ချင်းလော်ရဲ့အမူအရာကရှုပ်ထွေးနေ၏ : "မင်း.......ဖြစ်နိုင်တာ......"

လင်ပန့်ရှ : "မဟုတ်ဘူး မင်းအထင်မလွဲနဲ့"

"ကိုယ်အထင်မလွဲပါဘူး ချင်ရွှီမသေခင်တုန်းကလည်း ဘေးကလူတွေကိုဒီလိုလိုက်မေးဖူးတယ် ကိုယ်အဲ့တုန်းကစိတ်ထဲမထားခဲ့ဘူး"သူ့လက်ချောင်းများဟာလင်ပန့်ရှရဲ့လက်ချောင်းများဆီချိတ်လာသည် : "ပန့်ရှ,တကယ်လို့တစ်နေရာရာကမှားနေတယ်ထင်ရင်ကိုယ့်ကိုအရင်ဆုံးပြောပြနော် ဟုတ်ပြီလား?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now